လိင်တူခြင်း ချစ်သူ ဖြစ်ခဲ့မှုအား ရုပ်မြင့်သံကြား အင်တာဗျူး ခံရ သဖြင့် လင်ဆေးလိုဟန် ဒေါသထွက်

alt

ရုပ်မြင်သံကြား တိုက်ရိုက် အင်တာ ဗျူး အစီအစဉ်တွင် သူမ၏ လိင်တူခြင်း ချစ်သူဖြစ်ခဲ့ခြင်း အား ပွင့်ပွင့်လင်းလင်း အမေး ခံရသဖြင့်

လင်းဆေးလိုဟန် တယောက် စိတ်ပျက်ဒေါသ ထွက်ခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ဗြိတိန်ရုပ်မြင် သံကြား အင်တာဗျူး အစီအစဉ်အဖြစ် ဟာသ သရုပ်ဆောင် အလန်ကား၏ Chatty Man တွင် ပါဝင်ခဲ့့ရာ အလန်က လိုဟန်အား သူမနှင့်လမ်းခွဲ လိုက်ပြီ ဖြစ်သော အမျိုးသမီး DJ ဆမန်သာ ရွန်ဆင် တို့အကြောင်း ပွင့်ပွင့်လင်းလင်း မေးလိုက်ခြင်း ဖြစ်သည်။

ထိုမေးခွန်း အပြီးတွင် လိုဟန်က ဒေါသတကြီး အော်ဟစ်ခဲ့ပြီးနောက် လက်ဝါးဖြင့် မျက်နှာကိုအုပ်ကာ သူမ အနေနှင့် မဖြေ လိုကြောင်း ငြင်းဆန်ခဲ့သည်။ သို့သော်လည်း အလန်က အဆက်မပြတ် ဖိအားပေးကာ လိုဟန်၏ နောက်တွဲမည့် ချစ်သူသစ် မှာ အမျိုးသားနှင့် အမျိုးသမီး မည်သူဖြစ်မည်ကို ဆက်မေးခဲ့ရာ လိုဟန်မှာ ပြန်မဖြေနိုင်ဘဲ တွေဝေ ငေးငိုင်နေခဲ့သည်။

ထို့နောက် အလန်အား ဒေါသဖြင့် ထိုမေးခွန်း ဆက်မမေးရန် ပြောဆိုခဲ့သည်။ ထိုကိစ္စအပြင် ဆွေးနွေးစရာ အများအပြား ရှိနေကြောင်း Mean Girl စတား အဆိုတော် မင်းသမီး က ဆိုသည်။ သို့သော်လည်း အင်တာဗျူး ပြီးဆုံးချိန်တွင် လိုဟန် သည် တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာကာ အလန်အား လက်ဆွဲ နှုတ်ဆက်ပြီး ၎င်း၏ အရည်အသွေးအား ချီးကျူးသွား ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here