အဲဗာတန်တွင် အငှားလာရောက် ကစားသည့် ဒိုနိုဗန် အမေရိကား ပြန်ရတော့မည်

alt

အဲဗာတန် အသင်းက ၎င်းတို့ အသင်းတွင် အငှားလာ ကစားရင်း ခြေစွမ်းပြ နေသည့် လန်ဒန် ဒိုနိုဗန် အား လက်လွှတ် ရတော့မည်ဟု အတည်ပြု ခဲ့သည်။

အမေရိကန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူး၏ အငှား သက်တမ်းကို ဆက်လက် တိုးမြှင့်ရန် အင်္ဂလန်ကလပ်က ကြိုးပမ်း ခဲ့သော်လည်း အမေရိကန် ကလပ် လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီက ပယ်ချလိုက်သည်။

မတ်လ (၁၃)ရက်နေ့က ဘာမင်ဂမ်နှင့် (၂)ဂိုးစီ သရေကျသော ပွဲစဉ်အပြီး ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် အဲဗာတန် နည်းပြ ဒေးဗစ်မိုရက်က ဒိုနိုဗန်သည် မိခင်တိုင်းပြည် ပြန်တော့မည်ဟု အတည် ပြုလိုက်ခြင်း ဖြစ်သည်။ အသက် (၂၈)နှစ် အရွယ်ရှိ တောင်ပံ တိုက်စစ်မှူးသည် ပရီးမီးယား လိဂ်တွင် သတင်း (၁၀)ပါတ်ကြာ အငှား လာကစားပြီး အထူးခြေစွမ်း ပြနေခဲ့ခြင်း ဖြစ်သည်။

ဂလက်ဆီ အသင်းသည် မတ်လ (၂၇)ရက်နေ့တွင် စတင်မည့် အမေရိကန် လိဂ်တွင် ၎င်းတို့၏ ကစားသမား အား လူစာရင်း ထည့်သွင်းရန် ဆုံးဖြတ်ထားကြောင်း အဲဗာတန်သို့ အကြောင်းကြားပြီး နောက် ဒိုနိုဗန်မှာ အမေရိကန်သို့ ပြန်သွားခဲ့ခြင်း ဖြစ်သည်။

အမေရိကန် လက်ရွေးစင် အတွက် ပွဲ(၁၀၀) ကစား ပေးထားသော ဒိုနိုဗန်သည် အဲဗာတန်က ချဲလ်ဆီးနှင့် မန်ချက်စတာ ယူနိုက်တက်တို့အား အနိုင်ယူရာတွင် ပါဝင် ခြေစွမ်းပြခဲ့သည်။ ၎င်းအား ခေါ်ယူရန် ချဲလ်ဆီးကလည်း ကြိုးပမ်းလျှက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here