လူမြင်ကွင်းမှာ နမ်းမိ၍ ဗြိတိန် ကမ္ဘာလှည့် အမျိုးသမီး ဒူဘိုင်းမှာ ထောင်ချခံရ

alt

UAE နိုင်ငံ၊ ဒူဘိုင်းသို့ ရောက်နေသော ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး တဦးမှာ နမ်းမိသဖြင့် ထောင်ချ ခံလိုက်ရကြောင်း သိရှိ ရသည်။

အသက်(၂၅)နှစ် အရွယ် ချာလော့တ် အဒမ်သည် သူမ၏ မိတ်ဆွေဆိုသူ အသက်(၂၄)နှစ် အရွယ် အေမန် နာဂျာဖီအား နမ်းမိသဖြင့် ထောင်ဒဏ် (၁)လ ချမှတ်ခံထားပြီး ယခုအခါ အယူခံဝင်ထား ရသည်။ မွတ်ဆလင် ဘာသာရေး စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ် လိုက်နာ ကျင့်သုံးကြသည့် တိုင်းပြည်တွင် လူမြင်ကွင်း၌ နမ်းခြင်းအား လက်မခံချေ။

ချာလော့တ်တို့သည် သူငယ်ချင်းများနှင့် အတူရှိနေစဉ် စားသောက်ဆိုင် တခုထဲ၌ ယခုလို နမ်းမိရာမှ အသက်(၃၈)နှစ် အရွယ် ဒေသခံ အမျိုးသမီးတဦးက ရဲများအား တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်း အမျိုး သမီးက ချာလော့တ် တို့စုံတွဲသည် နမ်းရှုပ်နေရင်း လက်များလည်း အငြိမ် မနေကြကြောင်း၊ ၎င်းတို့နှစ်ဦး နှုတ်ခမ်းချင်း အနမ်း ဖလှယ်နေသည်ကို သူမ၏ ကလေးများလည်း တွေ့မြင်သွားကြောင်း စွပ်စွဲထားသည်။

ချာေ့လာတ် ရော၊ အေမန်ကပါ ၎င်းတို့သည် မိတ်ဆွေ သူငယ်ချင်း အချင်းချင်း နှုတ်ဆက်သည့် အနေနှင့် ယဉ်ယဉ် ကျေးကျေး ပါးကိုနမ်းကြခြင်းသာ ဖြစ်ကြောင်း ရုံးတော်၌ ခုခံလျှောက်လဲ ထားသည်။ ဒူဘိုင်းရှိ Marketing ဝန်ဆောင်မှု ဌာနတခုမှ ဝန်ထမ်းဖြစ်သူ အေမန်က မိမိသည် တိုင်းပြည်၏ ဘာသာရေး စည်းမျဉ်းများကို လေ့လာ သိရှိထားပြီး ဖြစ်သလို ရိုသေ လေးစားစွာ လိုက်နာ ကျင့်သုံးကြောင်း တရားရုံးတွင် ပြောကြားခဲ့သော်လည်း ပြီးခဲ့သော သီတင်းပါတ်ကုန်တွင် ဒူဘိုင်း တရားရုံးက ထောင်ဒဏ်(၁)လ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ချာလော့တ်သည် ယင်းကိစ္စ ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ကတည်းက ဒူဘိုင်းတွင် ခြေချုပ်ဖြင့် နေထိုင်ရဆဲ ဖြစ်သည်။ သူမ အား ရဲများက ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လွှတ် ထားသော်လည်း နိုင်ငံပြင်ပ ထွက်ခွာခွင့်ကို ပိတ်ပင်ထားသည်။ အယူခံကို ဧပြီလအတွင်း ပြန်လည်ကြားနာ သွားမည်ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here