ဂင်းနစ် စံချိန်တင်လိုသည့် အသက်၁၃၀ အရွယ် အဘွားအို

alt

အသက်(၁၃၀) အရွယ် အဖွားအို တဦးက သူမအနေနှင့် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း​ စာအုပ်တွင် အသက် အကြီးဆုံး ပုဂ္ဂိုလ်အဖြစ်

ပါဝင်လိုကြောင်း ပြောကြားလိုက်သည်။

အဖွားအို အန်တစ်ဆာ ခါဗီချာဗာသည် ဂျော်ဂျီယာရှိ တောင်ပေါ်ဒေသ ရွာလေး​ တရွာ​ တွင်နေထိုင်ပြီး ဇူလိုင်(၈)ရက် နေ့တွင် အသက်​ (၁၃၀) တင်းတင်း ပြည့်မည်ဟု ဆိုသည်။ ဂျော်ဂျီယာ အာဏာပိုင်များ ကလည်း ယင်းကို ထောက်ခံထားပြီး ပြည်သူ့ မှတ်တမ်းဌာနမှ အကြီးအကဲ ဂျော်ဂရီဗယ်ဟာဒီက သူမသည် (၁၉) ရာစုက ဖွားမြင်ခဲ့သည့် အံ့အားသင့်ဖွယ် အသက်ရှင် နေသူအဖြစ် ချီးကျူး ပြောကြားခဲ့သည်။

သူမသည် (၁၈၈၀)ပြည့်နှစ်က ဖွားမြင်သူဖြစ်ပြီး ယခင်က မွေးစာရင်း မှတ်တမ်းတွင် ထိုရက်စွဲကို ထည့်သွင်း ရေး​ မှတ်ထားသည်။ သို့သော်လည်း စံနစ်ဟောင်း ပယ်ဖျက်ပြီးနောက် ယင်းမှတ်တမ်းမှာ (၁၉၆၅)ခုနှစ်တွင် တိမ်မြုပ်​ နေခဲ့ခြင်း ဖြစ်သည်။ သူမအား ဂျော်ဂျီယာ ရုပ်မြင်သံကြား ဌာနများက နိုင်ငံတကာ အမျိုးသမီးနေ့တွင် ဂုဏ်ပြု​ ရိုက်ကူးထုတ်လွှင့် ပြသခဲ့ပြီး ယခုအခါ အဖွားအိုသည် သားသမီး၊ မြေးမြစ်များနှင့် နေထိုင်ကာ ဝိုင်အရက် သောက်​ ရင်း ပျော်ရွှင်နေဆဲဟု သိရှိရသည်။

အဖွားအို နေထိုင်သော ဆာလန်ဂျီခီဒေသမှ နယ်ခံတဦးက သူမသည် ကျန်းမာရေး ကောင်းမွန်ပြီး အန်စာ ပစ်​ ကစားလိုက်၊ ဗော့ဒ်ကာ အရက်သောက်လိုက်နှင့် အေးအေးဆေးဆေး ရှိနေဆဲဟု ပြောကြားခဲ့သည်။ အကယ်၍ ဂင်းနစ် မှတ်တမ်းအဖွဲ့က သူမအား လက်ခံမည်ဆိုပါက အဖွားအို ခါဗီချာဗာသည် လက်ရှိစံချိန်ရှင် အသက်​ (၁၁၄)​ နှစ် နေရာကို အစားထိုး ရယူနိုင်မည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here