လက်နက် ရောင်းဝယ်ရေး သဘော တူညီမှုအတွက် ရုရှား ဝန်ကြီးချုပ် အိန္ဒိယသို့ ရောက်

alt

ရုရှား ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်သည် ဒေါ်လာ ဘီလျံပေါင်း များစွာ တန်ဖိုးရှိ လက်နက် ရောင်းဝယ်ရေး သဘောတူညီမှု အတွက် အိန္ဒိယနိုင်ငံသို့

ရောက်ရှိနေကြောင်း သိရှိရသည်။

စစ်အေးခေတ် ကာလက ဆိုဗီယက် ယူနီယံ၊ မော်စကို အစိုးရ၏ မဟာမိတ်အဖြစ် ရပ်တည် ခဲ့သော အိန္ဒိယသည် ရုရှားထံမှ ဆိုဗီယက် ခေတ်သုံး လေယာဉ်တင် သင်္ဘောကြီး ဂိုရှာကော့ အပါအဝင် စစ်လက်နက် ဒေါ်လာ  (၁၀)ဘီလျံဖိုးမျှ ဝယ်ယူဖွယ် ရှိနေကြောင်း ရုရှား အာဏာပိုင်များက ဆိုသည်။

ယင်း သဘောတူညီချက်တွင် ရုရှား၏ နာမည်ကျော် MiG ဂျက်တိုက်လေယာဉ် (၂၉)စင်း ရောင်းချရန်နှင့် အိန္ဒိယ တောင်ပိုင်း တမီနာဒူတွင် နျူကလီးယား ဓာတ်အားပေး စက်ရုံတခု တိုးချဲ့ ဆောက်လုပ်ပေးရန် တို့လည်း ပါဝင် ကြောင်း သိရှိရသည်။ ယင်းဒေသတွင် နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို ဆောက်လုပ် ထားပြီးဖြစ်သည်။ လေယာဉ်တင် သင်္ဘောကြီး ရောင်းချရေးမှာ ယခင် ကတည်းက နှစ်နိုင်ငံ ညှိနှိုင်းနေခဲ့ သော်လည်း အပြီးသတ် ဈေးနှုန်း သတ်မှတ်နိုင်ခြင်း မရှိသေးသောကြောင့် နှောင့်နှေး နေခဲ့ရသည်။

ထို့အပြင် ရုရှားအနေနှင့် အိနိ္ဒယသည် လက်နက် တပ်ဆင်မှုအတွက် ၎င်းတို့အား မှီခိုနေခြင်းကို အဆုံးသတ် သွားမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ ပူတင်၏ နိုင်ငံခြားရေးရာ မူဝါဒမှူး ယူရီအူရှာကော့က ယခုဆွေးနွေးမှု အသစ်သည် နှစ်နိုင်ငံ ရေရှည်လက်တွဲမှုကို ခိုင်မြဲအောင် ကူညီစွမ်းဆောင်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

ရုရှားသည် အိန္ဒိယ၏ စစ်လက်နက် အားလုံးမှ (၇၀) ရာခိုင်နှုန်းကို တင်ပို့ ရောင်းချထားသော်လည်း တောင်ပိုင်း အာရှ နိုင်ငံသည် ပြီးခဲ့သည့် နှစ်များအတွင်း လက်နက်ရောင်းချသည့် မိတ်ဖက် နိုင်ငံသစ်များအဖြစ် အစ္စရေးနှင့် အမေရိကန်တို့ကို ချိတ်ဆက်လာကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here