ရောမရှိ ကျောင်းတွင် ကွန်ဒုံး​ ရောင်းစက် ထားသဖြင့် ဗာတီကန်မှ ဝေဖန်

alt

အီတလီနိုင်ငံ၊ ရောမ​ မြို့တော်ရှိ အထက်တန်း​ ကျောင်းတခုက ကွန်ဒုံး ဝယ်ယူနိုင်သည့် စက်များ​ စီစဉ်ပေး ထားခြင်းအား ဗာတီကန် နန်းတော်က

 ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ရိုမန်ကက်သလစ် ဘာသာရေး အကြီးအမှူး နန်းတော်က ယခုလုပ်ရပ်သည် လူငယ်များနှင့် လိင်ကိစ္စကို ပိုမို နီးယှက် ဆက်နွယ်သွား​ စေမည်ဟု ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ပုပ်ရဟန်း​ မင်းကြီး၏ လက်ထောက် ဘုန်းတော်ကြီး အဂေါ့စတီနို ဗယ်လီနီက ယခုလုပ်ရပ်သည် အလွန် စိတ်ပျက်​ စရာကောင်းကြောင်း အတိအလင်း ပြောဆိုခဲ့သည်။ ယင်း အထက်တန်းကျောင်း ကမူ လူငယ်ပိုင်းတွင် ကိုယ်ဝန်​ ဖျက်ချမှု အရေအတွက် မြင့် တက်လာခြင်း၊ HIV ပိုး နှင့် AIDS ရောဂါ ကူးစက်မှုများကို ကာကွယ်နိုင်ရန် ယခုလို စီစဉ်​ ပေးထားခြင်းဟု ခုခံ ပြောဆိုလိုက်သည်။

ကီပီလီယို ခေါ် ယင်းကျောင်းရှိ ကျောင်းသားများမှ အသက်(၁၅)နှစ် မှ (၁၉)နှစ်ကြား ဖြစ်ကြပြီး စုစုပေါင်း ကွန်ဒုံးဝယ်စက် (၆)ခုကို တပ်ဆင် ပေးထားသည်။ ကျောင်းအုပ်ဖြစ်သူ အန်တိုနီယို ပန်နော့ဆီယွန် က မိမိတို့​ အနေနှင့် လူငယ်များ လိင်မှုပညာပေး​ အသိ နည်းပါးခြင်းကြောင့် မလိုလားအပ်သော ကိစ္စများနှင့် မကြံုတွေ့​ စေလိုကြောင်း ပြောကြား ခဲ့သည်။

ဗာတီကန် နန်းတော်သည် ကွန်ဒုံး အသုံးပြုမှုကို အစဉ် ရှုတ်ချလေ့ရှိပြီး ယမန်နှစ်က ပုပ်ရဟန်းမင်း ဘင်နီဒစ် (၁၆)​ သည် အာဖရိက အပါအဝင် ကမ္ဘာ့နေရာ အသီးသီးတွင် AIDS ရောဂါ ထူပြောနေမှုအတွက် ကွန်ဒုံးများ ဝေငှ​ ခြင်းသည် အဖြေ မဟုတ်ကြောင်း အတိအလင်း ဝေဖန်ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here