ရာသီဥတု ပြောင်းလဲ​ လာမှုက ပြောင်းရွှေ့နေထိုင်သည့် ငှက်များကို ဆိုးရွားစွာ ထိခိုက်

alt

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ​ လာမှုသည် ရာသီအလိုက် စားကျက် ရွှေ့ပြောင်းသည့် ငှက်​ များကို ဆိုးဆိုးရွားရွား ထိခိုက်​ ကာ ယင်း​ ငှက်ကောင်ရေ

သိသိသာသာ ကျဆင်း​လာခဲ့ကြောင်း သိရှိရ​ သည်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့်အတူ ကမ္ဘာ့ ပတ်ဝန်းကျင် ညစ်ညမ်းလာခြင်းသည် ငှက်များ​ အတွက် သဘာဝအတိုင်း ရှင်သန်နေထိုင်ရန် ခက်ခဲ လာစေခဲ့ကြောင်း အမေရိကန် ပြည်ထဲ​ ရေးဝန်ကြီး ကန်ဆာလာဇာက ပြောကြားခဲ့သည်။ ၎င်းက သိပ္ပံပညာရှင်များ တက်ရောက်သော အော်စတင်ညီလာခံ​ သို့ တက်ရောက် ပြီးနောက် ယခုလို ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အထူးသဖြင့် အမေရိကန်ရှိ ကမ်းခြေ ဒေသတလျှောက်နှင့် ပင်လယ် သမုဒ္ဒရာအတွင်း နေထိုင် ကျက်စားသော ငှက်များအတွက် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုသည် ကြောက်စရာ ခြိမ်းခြောက်မှုတခု ဖြစ်လာခဲ့ကြောင်း ယင်းက ဆိုသည်။ (၂၀၀၉)ခုနှစ် အထိ စစ်တမ်းများအရ နိုင်ငံအတွင်းရှိ ငှက်အမျိုးအစား (၈၀၀) အနက် (၃)ပုံ (၁)ပုံ​ တို့သည် မျိုးသုဉ်းလုနီးပါး အခြေအနေ အထိ ဆိုက်ရောက်လာကြောင်း တွေ့ရသည်။

ထို့အပြင် အမေရိကန်ရှိ သမုဒ္ဒရာပျော် ငှက်မျိုးစိတ် (၆၇)ခု မှာလည်း ကောင်ရေ တစထက် တစ လျော့ကျ လာနေ​ ကြောင်း ပညာရှင်များက ဆိုသည်။ ထို့အပြင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ် ပေါ်ပေါက်လာသည့် ရေကြီးမှု၊ တောမီးလောင်မှု များကြောင့်လည်း ငှက်များအတွက် ရှင်သန်ရန် ကြီးကြီးမားမား ခြိမ်းခြောက်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here