တိဘက် ဒေသတွင် ဆန္ဒပြမှုများ ဖြစ်ပေါ် လာနိုင်သဖြင့် လုံခြုံရေး တိုးမြှင့်ထား

alt

တရုတ် နိုင်ငံသည် ဆန္ဒပြမှုများ ဖြစ်ပေါ် လာနိုင်သည်​ ဟူသော သတင်းများကြောင့် တိဘက် ဒေသတွင် လုံခြံုရေး တင်းတင်း ကြပ်ကြပ် တိုးမြှင့်

ချထားလိုက်ကြောင်း သိရှိရသည်။

ယခု သီတင်းပါတ် အတွင်း ရဲတပ်ဖွဲ့နှင့် စစ်သည်များ တိဘက်ရှိ လာဆာမြို့တော်တွင် အများအပြား ရောက်ရှိနေသည်ကို တွေ့မြင်ခဲ့ ရကြောင်း ဒေသခံများက ဆိုသည်။ လာဆာ မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ မာဂျန်က မိမိတို့ သည် လုံခြံုရေးတပ်ဖွဲ့ အရာရှိ(၂၈၀၀) ကို တပ်ဖြန့်ထားပြီး ရာဇဝတ်မှု မှတ်တမ်းနှင့် အခြားသော ရဲတပ်ဖွဲ့ မှတ်တမ်းရှိသူ ထောင်​ ဂဏန်းမျှကို စောင့်ကြည့်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

(၁၉၅၉)ခုနှစ်၊ မတ်လအတွင်းက တိဘက်ဒေသသည် တရုတ် အုပ်စိုးမှုအောက်မှ ရုန်းထွက်ရန် ကြိုးပမ်းသည့် အရေးတော်ပုံကို ဆင်နွှဲ​ ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ယခုအခါ အဆိုပါ နှစ်ပတ်လည် အခြေ အနေသို့ တကျော့ပြန် ရောက်ရှိ​ လာပြီးနောက် တရုတ်အစိုးရက ဆူပူမှုများ ပေါ်ပေါက်​ လာမည်ကို စိုးရိမ်နေသည်။

အထူးသဖြင့် တိဘက်နှင့် နီးကပ်သော အိန္ဒိယနိုင်ငံသို့ နယ်နှင်ဒဏ်ခံ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ပြန် လည်ရောက်ရှိ လာချိန်တွင် တရုတ်က ပိုမိုအာရုံစိုက် စောင့်ကြည့် လျက်ရှိသည်။ ယခုအခါ လာဆာရှိ လမ်းမများတွင် အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်ထားသည့် ထောင်ပေါင်း များစွာသော လုံခြံုရေး တပ်ဖွဲ့ဝင် အမြောက်အများ ရောက်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here