Core ၆ခု ပါဝင်သည့် CPU အသစ် Intel ထုတ်လုပ်

alt

Intel သည် Core (၆)ခု ပါဝင်သည့် CPU အသစ်အား ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ Core i7-980X သည် Intel ၏ နာမည်ကျော်

Turbo Boost နှင့် Hyperthreading နည်းပညာများ ပေါင်းစပ် ပါဝင်သည့် 32nm Processor ဖြစ်သည်။

Code Name အားဖြင့် Gulftown ဟုခေါ်သော အဆိုပါ Processor သည် Intel ၏ ပထမဆုံး Physical Core (၆)ခုပါ Processor ဖြစ်လာခဲ့ရသည်။ ယခင်က Intel သည် Core (၄)ခုပါ Processor များကို ထုတ်လုပ်ခဲ့သော်လည်း ပိုမိုအဆင့်မြင့်သော ဂိမ်းများနှင့် Application များ​ အတွက် ရည်ရွယ်ကာ Core i7-980X ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခင်က လုပ်ဆောင်မှုပိုင်းတွင် အကောင်းဆုံးအဖြစ် သတ်မှတ်ခံရသည့် Intel ၏ 45nm Core i7-975 ထက် ယခု Processor က စွမ်းရည်ပိုမြင့်သည်။ Intelက Corei7-975 ကိုလည်း ဆက်လက်ရောင်းချ ပေး​သွား​ဦးမည်ဟု အတည်ပြုခဲ့သည်။ Processor အသစ် Corei7-980X သည်လည်း Corei7-975 နှင့် ဈေးနှုန်းတူ (၉၉၉) ဒေါ်လာဖြင့် ရောင်းချနိုင်ရန် Intel က မျှော်လင့်ထားသည်။

ယင်း Processor နှစ်ခုလုံးသည် Clock Speed အနေနှင့် 3.33 GHz အထိ မြန်နှုန်းမြင့်ကာ TDP နှုန်း 130W ရှိသည်။ ထို့အပြင် DDR3-1066 RAM ကို Channel (၃)ခု ထောက်ပံ့နိုင်သည်။ Intel က Core i7-980X တွင် Core (၆)ခုကြား 12MB L3 အထိ ကူး​ ပြောင်း​​နိုင်ပြီး Corei7-975 တွင်မူ 8MB သာရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here