မိခင်မှ ကလေးသို့ HIVကူးစက်မှု ၂၀၁၅တွင် လုံးဝ တားဆီးနိုင်မည်ဟု ကုလသမဂ္ဂမှ မျှော်လင့်

alt

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက မိခင်မှ ကလေးထံသို့​ HIVရောဂါပိုး ကူးစက်မှုကို (၂၀၁၅)​ ခုနှစ်တွင် လုံးဝ တားဆီး လိုက်နိုင်မည်ဟု

မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အကယ်၍ ကျန်းမာရေး အစီအစဉ်တွင် ပိုမို တိုးပွားလာသော မြှုပ်နှံရင်းနှီးမှုများ ရရှိလာမည် ဆိုပါက မိခင် မှ ကလေးသို့ ရောဂါပိုး ကူးစက်မှုအား အပြီးသတ် တားဆီးနိုင်ဖွယ် ရှိနေကြောင်း ကုလသမဂ္ဂ လက်အောက် ခံ UNAIDS အဖွဲ့မှ အကြီးအကဲ မိုက်ကယ်ဆာဒီဘီက သုံးသပ်ခဲ့သည်။

၎င်းက နိုင်ငံတကာ အစိုးရများ အနေနှင့် ကမ္ဘာလုံးဆိုင်ရာ AIDS၊ တီဘီနှင့် ငှက်ဖျား တိုက်ဖျက်ရေး ရံပုံ ငွေအတွက် ပိုမိုထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ပေးကြပါရန် ပန်ကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရံပုံငွေအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ မိုက်ကယ်ကာဇက်ချာကင်က မိမိတို့သည် ကမ္ဘာပေါ် တွင် ငှက်ဖျားဖြင့် သေဆုံးသူ နောက်ထပ်မရှိသည့် အဆင့်အား မျှော်လင့်နေကြောင်း ပြောကြားခဲ့ပြီး ဆေးပညာ ကဏ္ဍတွင် ငွေကြေးထောက်ပံ့ မြှုပ်နှံမှုများ ပိုမိုပြုလုပ် သွားနိုင်ကြောင်း အရိပ်အမြွက် ပြောဆို ခဲ့သွားသည်။

ကမ္ဘာလုံးဆိုင်ရာ ရံပုံငွေ အဖွဲ့သည် မတ်လ(၂၄)ရက် နေ့၌ ဟော်လန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် အဆိုပါ ရောဂါ(၃)ခုအား (၂၀၁၅)ခုနှစ်တွင် အပြီး တိုက်ဖျက်နိုင်ရေး မျှော်မှန်းချက် အစည်းအဝေးကို ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here