သက်ဆင် ရှင်နာဝတ္ထရာ အား ထောက်ခံသည့် ရှပ်နီတပ်ဖွဲ့ ဆန္ဒပြရန် ဘန်ကောက်သို့ ဝင်ရောက်လာ

alt

မတ်လ (၁၂)ရက် နေ့တွင် ထိုင်းနိုင်ငံ၊ နယ်ပိုင်းဒေသများမှ စတင်ကာ အစိုးရ ဆန့်ကျင်ရေး စုရုံး ဆန္ဒပြမှု များ စတင်လာပြီ ဖြစ်သည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ် အား ထောက်ခံသည့် ရှပ်နီများက ကြိုတင်စီစဉ် ထားသည့်အတိုင်း တိုင်းပြည်၏ မြောက်ပိုင်း​ နှင့် အနောက်မြောက်ပိုင်း ဒေသများတွင် လူစုကာ ဘန်ကောက်သို့ ဦးတည်ချီတက် လာနေ​ ပြီဟု သိရသည်။

ယမန်နေ့က ဘန်ကောက်မြို့ ဝင်ရောက်လာပြီး Victory Monument ခေါ် အနုဆာဝါရီ ကျောက်တိုင်သို့ သန်းနှင်ချီသော လူတန်း​ များနှင့် နယ်မှ​ ရောက်ရှိလာနေပြီ ဖြစ်သည်။

ရှပ်နီဆန္ဒပြမှု စီစဉ်သူများက မတ်လ​ (၁၄)ရက်​ နေ့၊ ဘန်ကောက်မြို့တော်​ သို့ ရောက်ရှိ​ လာချိန်တွင် အနည်း​ဆုံး လူ(၆)သိန်းမျှ စုမိရန် မျှော်လင့်​ ထားသည်။ ရှပ်နီများသည် ထိုင်းအစိုးရက သက်ဆင်​ ပိုင်ဆိုင်သော ဒေါ်လာ​ (၁.၄) ဘီလျံဖိုး ပစ္စည်းများအား သိမ်းဆည်းရန် ဆုံးဖြတ် လိုက်ပြီးနောက် ယခုလို ဆန္ဒပြရန် ဆုံးဖြတ်​ လိုက်ခြင်းဖြစ်သည်။

အထူးသဖြင့် ချီတက်လာ သူများတွင် ဘန်ကောက်နှင့် အလှမ်းဝေးသော ဆင်းရဲ​ နွမ်းပါးသည့် တောပိုင်း​ ဒေသမှ ပြည်သူများ ပါဝင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ ထိုင်း အစိုးရသည် ဆန္ဒပြမှုနှင့် ဆက်နွယ်ကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် လုံခြံုရေး တပ်ဖွဲ့ဝင် (၅၀၀၀၀)ခန့်ကို ဘန်ကောက်တွင် ကြိုတင်တပ်စွဲ နေရာချ ပေးထားလိုက်သည်။

ဝန်ကြီးချုပ် အဘီဆစ်ဗီဂျာဂျီဗာ ကိုယ်တိုင်သည်လည်း ဩစတြေးလျသို့ သွားရောက်မည့် ခရီးစဉ်အား ဖျက်သိမ်း​ ကာ တိုင်းပြည်တွင်လည်း ကာလတိုအရေးပေါ် အက်ဥပဒေကို ထုတ်ပြန်ထား လိုက်သည်။ ထိုင်းနိုင်ငံတွင် (၂၀၀၈)​ ခုနှစ်က လေဆိပ်များကို ပိတ်ဆို့ဆန္ဒပြမှု ဖြစ်ခဲ့ဖူးရာ ယခုအခါ ကမ္ဘာနိုင်ငံ (၃၃)ခုကလည်း အလားတူ အခြေအနေ​ မျိုး ဖြစ်လာနိုင်သဖြင့် မိမိတို့ နိုင်ငံသားများ ထိုင်းတွင် သောင်တင်နေနိုင်ကြောင်း ကြိုတင် သတိပေးမှုများ ပြုလုပ်​ ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here