မြန်မာ နိုင်ငံသား ၆ဦး မလေးရှား၌ လူသတ်မှုမှ လွတ်မြောက်

alt

မလေးရှားနိုင်ငံ ဗဟို တရားရုံး​ တော်မှ လွန်ခဲ့သော ၃နှစ် ကပင် လူသတ်မှုဖြင့် ချုပ်နှောင်ခံထား​ ရသော မြန်မာနိုင်ငံသား ၆ဦးအား

ယခင်အပါတ် အင်္ဂါနေ့က တရားသေ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့က​ မလေးရှား​ နိုင်ငံထုတ်  ဘနားမား သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

တရားသူကြီး ဒါတွတ် မိုဟာမက် ဇါဘီဒင် မိုဒါဟ် က လူသတ်မှုဖြင့် စွဲချက်တင် ထားသော ထိုအမှုအား တရားခံများက ခုခံကာကွယ် လျှောက်ထားရာ ကျေနပ်လောက်ဖွယ်သော ဥပဒေ အကြောင်းအရာ အနေ​ အထား မတွေ့ရှိရ၍ အမှုအား ပြန်လည် စစ်ဆေးရာမှ ယခုလို အဖြေမှန် ပြန်လည် တွေ့ရှိ၍ တရားသူကြီး​ မှ မြန်မာနိုင်ငံသား ဆယ်ကျော်သက် တရားခံများအား လူသတ်မှုမှ တရားသေ လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တရားခံများမှာ ကိုကို အီဘရာဟင် ( အသက်-၂၂နှစ် )၊ ဟာဆန်အလီ ဂျူဟာ ( အသက်-၂၁နှစ် )၊ ဗင်ဒူချောင်း ( အသက်-၂၆နှစ် )၊ မိုဟာမက် ဟူစိန် ( အသက်-၂၂နှစ် )၊ နျူအလန် ဟူစိန် ( အသက်-၂၂နှစ် )၊ ယူဆွတ် ( အသက်-၃၆နှစ် ) တို့ ဖြစ်ကြသည်။ ထိုလူသတ်မှုသည် ၂၀၀၇ ခုနှစ်က ဒီဇင်ဘာလ ၂၅ရက်နေ့က နံနက်​ အစောပိုင်း အီပိုးသို့ သွားသော လမ်းမပေါ်ရှိ ဘတူဗျူး ရပ်ကွက်၌ အိမ်တအိမ်တွင် ဖြစ်ပွားသော မှုခင်းအား ယိုးစွပ်ခံခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here