အလုပ်ချိန် အတွင်း လိင် တောင်းဆိုမှု တိုက်ဖျက်ရေး ဟော်လန်​ သူနာပြုအဖွဲ​​​ ့​​စီစဉ်

alt

ဟော်လန်နိုင်ငံ သူနာပြုများ ယူနီယံအဖွဲ့က အမျိုးသားအဆင့် လှုပ်ရှားမှုတခု အဖြစ် သူနာပြု ဆရာမများ အား လိင်တောင်းဆိုမှု ပြုလုပ်​ နေခြင်းကို

တိုက်ဖျက်ရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။

မတ်လ (၁၂)ရက်နေ့က စတင်သည့် လှုပ်ရှားမှု​ အရ လူနာများအား သူနာပြုများ အနေနှင့် ပြုစုကုသရုံ အပြင် လိင်ဝန်ဆောင်မှု ပေးမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ NU’91 ခေါ် အဆိုပါ ယူနီယံသည် ပြီးခဲ့သည့် သီတင်းပါတ်က အသက်(၄၂)နှစ်​ အရွယ် မသန်စွမ်း လူနာတဦးက ၎င်း၏အိမ်တွင် စောင့်ရှောက် ပြုစု ပေးနေသည့် အသက်(၂၄)နှစ် အရွယ် သူနာပြု ဆရာမလေးအား လိင်ဆိုင်ရာ ဝန်ဆောင်မှုပေးရန် တောင်းဆိုခဲ့ပြီးနောက် ယခု လှုပ်ရှားမှုကို စတင်ရန် ဆုံးဖြတ်​ လိုက်ခြင်းဟု သိရသည်။

အထူးသဖြင့် ငယ်ရွယ်သော အမျိုးသမီး သူနာပြုများသည် အမျိုးသား လူနာများ၏ မဖွယ်မရာ တောင်းဆိုမှုများ မကြာခဏ ကြံုတွေ့ရလေ့ရှိကြောင်း ယူနီယံက​ ဆိုသည်။ ယခု​ ပြဿနာတွင်လည်း အမျိုးသမီးလေးက ငြင်းဆန် လိုက်ပြီးနောက် ယင်း မသန်စွမ်းလူနာသည် မြေကြီးပေါ် ခုန်ဆင်းကာ သူနာပြု ဆရာမလေးက ၎င်းအား ကောင်းမွန်​ စွာ မပြုစုဟု စွပ်စွဲကာ အလုပ်ထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရှိရသည်။

ယခုလို ကိစ္စမျိုးကြောင့် သူနာပြု ဆရာမများ၏ လုံခြံုရေးနှင့် ရပိုင်ခွင့်ကို ပိုမိုစောင့်ရှောက် ကာကွယ်ပေးရန် လိုအပ်​ လာ​နေသည်ကို ညွှန်ပြနေကြောင်း ယူနီယံက ဆိုသည်။ အဆိုပါကိစ္စအား ဟော်လန် ရဲတပ်ဖွဲ့ ကလည်း စစ်ဆေးနေ​ ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here