စပျစ်သီးချဉ်တာ မီဒီယာ အလုပ်လား

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မကြာသေးခင်က ထိုင်းနိုင်ငံံ၊ ချင်းမိုင် မြို့လေးမှာ မြန်မာ​ သတင်း သမဂ္ဂရဲ့ သတင်း ညီလာခံ ကတော့ ပြီးသွားခဲ့ ပါပြီ။ ပွဲလည်း ပြီးရော စစ်အစိုးရ​ အတိုက်အခံ ပြည်ပ မီဒီယာတွေ ကြားထဲမှာ စကားသံတွေ ကတော့ ပြောစမှတ် ဖြစ်အောင် ကျန်ခဲ့ ပြန်ပါတယ်။

သုံးရက်ကြာ လုပ်ခဲ့တဲ ဒီညီလာခံမှာ ဒုတိယမြောက် ရက်ကတော့ အစည်ကားဆုံးလို့ ပြောရမှာပါ။ ဘာလို့လဲ ဆိုရင် မနက် ပိုင်းမှာ ဘလော့ဂ်​ အကယ်ဒမီဆု ပေးပွဲ လုပ်ခဲ့သလို ညနေ​ ပိုင်းမှာ ဗွီအိုအေ​ သတင်းဌာနက ကမကထပြုပြီး ခေါ်ယူခဲ့တဲ့ ပြည်တွင်းက တရားဝင် ဖွဲ့စည်းခွင့်​ မရသေးတဲ့ ဒီမိုကရက်တစ်​ ပါတီက ဝါရင့် နိုင်ငံရေးသမား ဦးသုဝေနဲ့​ ​လူမှုရေး အသင်း အဖွဲ့တခုက ဒေါက်​တာခင်ဇော်ဝင်းရဲ့ စကားပြောခန်းကြောင့်ဘဲ ဖြစ်ပါတယ်။

မနက်ပိုင်းမှာ နာမည်ကျော်​ ဘလော့ဂ္ဂါတွေက သူတုုိ့ရဲ့ အတွေ့အကြံုတွေ၊ သူတို့ရဲ့ အမြင်တွေကိုု ပြောပြသလိုု မီဒီယာသမားတွေ​ ကလည်း သူတို့ သိလိုတဲ့အချက်တွေ မေးမြန်း​ခဲ့ကြ​ တယ်။ တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲပါ။ ဒါပေမဲ့ တချို့သော မီဒီယာသမားတွေကြောင့် ပွဲအတွင်း စိတ်ပျက်ရမှု အနည်းငယ်တော့ တွေ့ခဲ့ပါတယ်။ မီဒီယာသမားတွေရဲ့ တချို့သော​ မေးခွန်းတွေဟာ ရှင်းလင်းပွဲ​ တခုအသွင် မဆောင်တော့ဘဲ ပုုဂ္ဂိုလ်ရေး​ ထိခိုက်တာတွေ ဘာတွေ ပါလာတဲ့အတွက် အနည်းငယ် ရသ ပျက်စေခဲ့တာတော့ အမှန်ပါဘဲ။

ဒါပေမဲ့လည်း အဲဒီ့​ ဘလော့ဂ်ဆုပေးပွဲနဲ့ အပြန်အလှန် ရှင်းလင်းခန်းတွေဟာ မီဒီယာတွေ အတွက် အကျိုးရှိစေခဲ့သလို နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အလှမ်းဝေးနေတဲ့ ပြည်ပ အခြေစိုက် မီဒီယာသမားတွေ အတွက်လည်း အကျိုး ရှိစေခဲ့တာတော့ အမှန်ပါဘဲ။

ဒီလိုနဲ့ နေ့ခင်း ထမင်းစားချိန်ပြီးတဲ့အခါ ဦးသုဝေနဲ့ ဒေါက်​တာခင်ဇော်ဝင်း တို့ရဲ့ အလှည့် ရောက်လာပါတယ်။ နဂိုရ်က ဝင်လိုက် ထွက်လိုက်နဲ့ အလုပ်များနေတဲ့ သတင်းသမား​ တွေ၊ မီဒီယာသမားတွေ ကိုုယ့်နေရာနဲ့ ကိုယ် အသီးသီး​ နေရာယူလို့ပေါ့။ ဖြစ်တောင့်ဖြစ်ခဲ၊ ကြံုတောင့်ကြံုခဲ ပြည်တွင်းက ဝါရင့်​ နိုင်ငံရေးသမားဆိုတော့ စိတ်ဝင်စားကြတယ်လေ။ ဒါ့အပြင် သူတို့နဲ့ အပြန်အလှန်​ ဆွေးနွေးမယ့် သူတွေကလည်း ပြည်​ပ​ ​အ​ခြေစိုက်​ အန်စီဂျီယူဘီက ဦးမောင်မောင်၊ မြန်မာ​ သတင်းသမဂ္ဂရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့်၊ ပြီးတော့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ပေါ့။

စာ​ရေး​သူ​ အခုလိုမျိုး နိဒါန်းပျိုးတာဟာ တခြားကြောင့်တော့ မဟုုတ်ပါဘူး။ စာဖတ်ပရိသတ်ကို အသေးစိတ်​ ရှင်းလင်း လိုရင်း စိတ်ကြောင့်ပါ။

ဒီပွဲကို ကမကထ လုပ်ခဲ့တာက ဗွီအိုုအေ​ သတင်းဌာန ဖြစ်တဲ့အတွက် သူတို့မှာ တခြား​ မီဒီယာတွေထက် ဦးသုဝေနဲ့ ​ဒေါက်​တာခင်ဇော်ဝင်း တို့နဲ့ ပတ်သက်ပြီး တာဝန်ရှိသလိုု သူများ​ ထက်​လည်း အခွင့်အရေး ပိုရသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သတင်းထောက်တွေ​ မည်သည် ဥပဒေအရ တားမြစ်ထားတဲ့ နေရာကလွဲရင် မည်သည့်နေရာ​ မဆို သတင်းရယူ​ ပိုင်ခွင့်ရှိတယ် ဆိုပေမဲ့ လူတဦး​ တယောက်က ဦးစီးလုပ်တဲ့၊ ကမကထ ပြုလုုပ်တဲ့ ပွဲမျိုးဆိုရင်တော့ ခွင့်ပြုချက် ယူသင့်သလို၊ ခွင့်ပြုချက် မပေးဘူးဆိုရင် သတင်းယူခွင့် မရှိဘူး​ ဆိုတာ ပါရှိပါတယ်။

အခုပွဲက ဗွီအိုအေက ကမကထပြုပြီး လုပ်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ တခြားမီဒီယာတွေထက် အခွင့်အရေး ပိုရသင့်တာပါ။ ဒါပေမဲ့ ဗွီအိုအေ က လူကြီး လူကောင်းဆန်​ ခဲ့ပါ​ တယ်။

သူတို့အနေနဲ့ မည်သူမဆို သတင်းယူခွင့်​ ရှိသလိုု သူတိုု့ထက်စောပြီး လွှင့်နိုင်တယ် ဆိုရင်ရင်လည်း လွှင့်ကြပါ။ တိုက်ရိုက် (လိုက်ဖ်) လွှင့်မယ် ဆိုရင်လည်း သူ့အနေနဲ့ ကြိုဆို​ ကြောင်း

ကိုု ပြောခဲ့ပါတယ်။ ဒါဟာ လူကြီးလူကောင်း ပီပီသသ ခွင့်ပြုလိုက်တာပါ။ ဒီလိုနဲ့ ဒီပွဲဟာ သတင်းညီလာခံမှာ အစည်ကားဆုံုးနဲ့ လူစိတ်ဝင်စားမှု အကောင်းဆုံး ဖြစ်ခဲ့​ ပါတယ်။

ဦးသုဝေနဲ့ ​ ​ဒေါက်​တာခင်ဇော်ဝင်း တို့က အဓိက​ နေရာယူထားပြီး တ​ဖက်​က​ ဦးမောင်မောင်၊ ဦးမောင်မောင်မြင့် အပါအ​ဝင် ကျန်တဲ့ ပွဲတက်ရောက်သူတွေက မေးမြန်းသမျှ၊ ဝေဖန်ပိုင်း​ခြား​ သမျှ၊ ပြောဆိုသမျှကိုု ဒိုင်ခံ ရှင်းသွား ပါတယ်။ ပွဲအတွင်းမှာ ကျေလည်တာတွေ ရှိသလုုိ မကျေလည်တာတွေ​ ကလည်း အများသားလား။ ဒီလိုနဲ့ ပွဲပြီး သွားတယ် ဆိုပါတော့။

ဇာတ်လမ်းက အခုမှ စတော့တာပါ။ ပွဲပြီးပြီးချင်း ဦးသုဝေကိုု သတင်းမီဒီယာ​ တခုက ချက်ချင်းခေါ်သွားပြီး တီဗွီ​ အင်တာဗျူးတွေ​ လုပ်သလို ကျန်တဲ့ ကျန်တဲ့ မီဒီယာတွေကလည်း အသီးသီး သကာလ ခေါ်ယူပြီး အင်တာဗျူးတွေ လုပ်ကြ၊ မေးကြ မြန်းကြ လုပ်ပါတယ်။ ဒါပေမဲ့ တချို့သော မီဒီယာတွေကတော့ လက်ချည်းဗလာနဲ့ ပြန်ခဲ့ကြရပါတယ်။

ဒါပေမဲ့ အဲဒီ့နောက်ပိုုင်း သတင်းမီဒီယာမှာ တခုက အခုလိုမျိုး အသီးသီး သကာလ ခေါ်ဆောင်သွားတာဟာ အရင်းမစိုက် အတင်းဝိုက်၊ အပုပ်ချိန်မှာ ကြားကားဝင်ဆွဲ စားခဲ့သူတွေဆိုပြီး ရေးသား​ ပြောဆိုလာတာကိုု တွေ့ရပါတယ်။ ဒါဟာ တကယ်တော့ ဖြစ်သင့်ဖြစ်ထိုက်လား ဆိုတာ ပြန်ပြီး စဉ်းစားမိတာကို အခု ရှင်းပြချင်ပါတယ်။ တကယ်တော့ သေသေချာချာ အပြစ်တင်သင့်တာ အဲဒီ့မီဒီယာတွေ မဟုတ်ပါဘူး။

တကယ်တမ်း ကျတော့ အထက်မှာ ပြောခဲ့သလို သတင်းသမားတိုင်းသည် သက်​ဆိုင်​ရာ​ အစိုးရမှ တရားဝင် တားမြစ် ထားသော အရာမှလွဲပြီး၊ လူပုုဂ္ဂိုလ်တဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အခမ်းအနား ပွဲမျိုးမှ လွဲရင် မည်သည့် နေရာမဆို သတင်းယူခွင့် ရှိပါတယ်။ သတင်းပေးမယ့်သူနဲ့ သတင်းလိုက်သူ အဆင်ပြေလျှင် ဖြစ်ပါတယ်။ အတင်း အဓမ္မ ခေါ်ယူမေးမြန်းခြင်း၊ စည်းရုံုးခြင်းမျိုး မဟုတ်သည့်​ အတွက် ဒီသတင်းယူဖုုိ့​ အတွက် ခေါ်ဆောင်သွားတဲ့ မီဒီယာ တွေမှာ အပြစ်မရှိဘူးလို့ ထင်ပါတယ်။

နောက်ပြီး ဗွီအုုိအေ သတင်းဌာနကလည်း တိုက်ရိုက်လွှင့် ထုတ်မယ်ဆိုရင်တောင် လွှင့်ထုတ်ကြပါ။ အားလုံးကို ဖိတ်ခေါ်ပါတယ် ပြောထားပြီး ဖြစ်တဲ့အတွက် ဗွီအိုအေ သတင်းဌာန​ ကို ခွင့်မတောင်းခြင်း​ ကလည်း အပြစ်တခုလို့ မယူဆ နိုင်ပါဘူး။

အဲဒီ့ဆောင်းပါးကို ရေးသားခဲ့သူရဲ့ ဆိုလိုရင်းကိုု ပြန်တွေးကြည့်၊ စဉ်းစားကြည့်မယ် ဆိုရင် ဗွီအိုုအေ သတင်းဌာနက ကမကထ လုပ်ခဲ့တာကိုု အလစ်ဝင်ပြီး အခွင့်အရေးယူသည့် မီဒီယာများလို့ တိုက်ရိုက်မပြောရုံ တမယ် ရေးသား ထားသလို ဦးသုဝေကို​ လိုက်ရှာနေရတဲ့ ဦးသန်းလွင်ထွန်း ဟာလည်း မည်သည့်အတွက်ကြောင့် လိုက်လံ ရှာဖွေရသည် ကိုလည်း ထိမ်ဝှက် ရေးသားထားတာကို တွေ့ရပါတယ်။

ဒီအချက်တွေကိုု ကြည့်မယ်ဆိုရင် ဆောင်းပါးရှင်ဟာ တခြား​ မီဒီယာတွေက အခွင့်အရေး ရသွားတာကို မီဒီယာ သမားချင်း ​ဆို​တဲ​့​ ​စိတ်သ​ဘော​ ​မ​ပိုက်နိုင်ဘဲ ပုုဂ္ဂိုလ်ရေး​ တိုက်ခိုက်မှု​သဖွယ် ရေးသားထားတာကို တွေ့ရတဲ့အတွက် အထူးဘဲ ဝမ်းနည်းရ​ပါတယ်။

တကယ်ဆိုရင် ကောင်းမွန်သည့်ထုံး နှလုံးမူပြီး မိမိရဲ့ အားနည်းချက်ကိုု ပြန်လည်ဖေါ်ထုတ် ရေးသားခဲ့မယ်​ ဆိုရင်ဖြင့် ဒီထက် ဒီထက်မက ကောင်းမွန်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခု ရေးသားထားသူဟာ မိမိအခွင့်အရေး လက်လွတ်သွားတာကိုု အားနည်းချက်လို့ မမြင်ဘဲ သူတပါး အခွင့်အရေး ရသွားတာကို မနာလို မုန်းတီးစိတ်သဖွယ် ဆန်သွားခြင်းက မီဒီယာ​ သမားကောင်း မဟုတ်ဘူးဆိုတာ ထင်ဟပ်ပြသ​ရာ​ ​ရောက်နေပါတယ်။

ရှေးမြန်မာ​ စကားပုံထဲကလို ပြောရရင်ဖြင့် ကိုယ်မမှီတဲ့​ စပျစ်သီး ချဉ်တယ် ဆိုုတဲ့ မြေခွေးသဏ္ဍာန် ဖြစ်နေတာ​ပေါ​့​လေ။

သတင်းသမား ​ မှန်လျှင် မည်သည့်မျက်နှာကိုမှ ထောက်ထားခြင်း​ မရှိဘဲ ပြည်သူ့မျက်နှာကိုုသာ ကြည့်သင့်တယ်ဆိုုတာ မီဒီယာသမား၊ သတင်းသမားတိုင်း သိနားလည်ထားရမည့် အခြေခံ အချက်များထဲမှာ တချက်အ​ဖြစ်​

​ပါပြီး​သား​ပါ။ မီဒီယာသမား၊ သတင်းသမားမှန်လျှင် မှန်သည့်ဘက်က ရပ်တည်ရမှာ​ ဖြစ်သလိုု ပြည်သူ အတွက်ကိုသာ ဦးတည်ရေးသား​ ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ တကိုုယ်ရည် ပုဂ္ဂလိ​က အတွေးတွေကိုု ဘေးဖယ်ပြီး မီဒီယာ​ ကျင့်ဝတ်ကိုု လိုက်နာ နိုင်မှသာလျှင် ပြည်သူကို အကျိုးပြုသော မီဒီယာသမား​ ဖြစ်လာမှာ ဖြစ်ပါ​ တယ်။

မိမိအပြစ်ကို ဖုံးကွယ်လိုခြင်း အတွက်၊ မိမိရဲ့ အားနည်းချက်ကိုု ပျောက်ကွယ်လိုခြင်း အတွက်၊ သူတပါးအား တိုက်ခိုက် လိုခြင်း အတွက် မီဒီယာကို​ လက်နက်သဖွယ် အသုံးပြုခြင်းဟာ မီဒီယာ​ ကျင့်ဝတ်ကိုု ချိုးဖောက်ခြင်း မည်သလို မိမိရဲ့ နာမည်နဲ့ မိမိရဲ့ မီဒီယာကိုု ဂုုဏ်ကျက်သရေ ညှိုးနွှမ်းအောင် ပြုလုပ််နေခြင်းလည်း ဖြစ်ပါတယ်။

မန္တလေး အခြေစိုုက် ကဗျာဆရာ ကုုိလေး (အင်းဝ ဂုဏ်ရည်) ပြောခဲ့ဖူးသလို ပြောရရင်ဖြင့်

မင်းက ရဲဘော်လား ? ရန်သူလား ?

လို့ ပြန်မေးရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စပျစ်သီး​ ချဉ်တယ်ဆိုတာ မြေခွေး အလုပ်သာဖြစ်ပြီး ပြည်သူကိုု အလုပ်အကျွေး ပြုသော မီဒီယာသမားတို့ အလုပ် မဟုတ်ကြောင်း ပြောကြား လိုက်ချင်ပါတယ်။

ထွန်းတောက်​နေ

LEAVE A REPLY

Please enter your comment!
Please enter your name here