မုံရွာအနီး အင်အား အသင့်အတင့်ရှိ ငလျင် လှုပ်ခတ်သွား

alt

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ စစ်ကိုင်းတိုင်း မုံရွာမြို့အနီး စနေနေ့ မနက် အစောပိုင်းတွင် အင်အား ပြင်း ထန်မှု မများပြားသည့်

ငလျင်လှုပ်ခတ် သွားကြောင်း ဆင်ဟွာသတင်း ဋ္ဌာနသို့ တယ်လီဖုန်းဖြင့် ဒေသခံတို့က ဖြေကြားခဲ့ကြောင်း သိရှိရသည်။

လူဦးရေ သိပ်သည်းမှု အလျဉ်းမရှိသည့် မုံရွာ ဒေသမှ မြို့ခံတို့မှ ငလျင်လှုပ်မှု သိသိသာသာ ခံစားရကြောင်း ပြောကြားကာ စနေနေ့ နံနက် ၅နာရီ မိနစ်၅၀ တွင် လှုပ်ခတ်သွား၍ ရစ်ချ်တာ စကေး ၅.၄ ရှိကြောင်း တရုတ် မိုးလေဝသနှင့် ဇလဗေဒ ငလျင်ဋ္ဌာနမှ သတင်း ထုတ်ပြန်သည်။

ငလျင်၏ ဗဟိုချက်မှာ မုံရွာမြို့နှင့် ၁၁၂ ကီလိုမီတာ အကွာရှိ လတ္တီကျူ့ ၂၃.၀၆ မြောက်ဖက်အရပ်နှင့် လောင်တီ ကျူ့ ၉၄.၆၅ အရှေ့ဖက်အရပ်တွင် ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here