ဗြိတိန် အားကစား လောက၏ ရယ်စရာ အကောင်းဆုံး ပြက်လုံး​ ပိုင်ရှင်

alt

ဗြိတိန်​ အားကစား လောက၏ ရယ်စရာ အကောင်းဆုံး ပြက်လုံး ပိုင်ရှင်အဖြစ် အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း ရှေ့တန်း

တိုက်စစ်မှူး ပီတာခရော့က အရွေးချယ်ခံလိုက်​ ရသည်။

အရပ်မြင့်မြင့်၊ ကလန်ကလားနှင့် ရှေ့တန်းလူ​ သည် တော့တင်ဟမ် ဟော့စပါး အသင်းတွင် ကစားနေသူလည်း ဖြစ်သည်။ ၎င်းအား အင်တာဗျုးတခုတွင် ဘောလုံးသမား မဖြစ်ခဲ့​ ပါက ဖြစ်ချင်သော ဆန္ဒကိုမေးမြန်း​ရာ ချက်ချင်းပင် အပျိုမလေး တယောက် ဖြစ်လိုကြောင်း အရွှန်းဖောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လူ(၂၀၀၀)ကို Sky သတင်းဌာနက စစ်တမ်းကောက်ခံခဲ့ရာ ခရော့၏ အပျိုစင် ပြက်လုံးက (၂၄)ရာခိုင်နှုန်း မဲပေး​ ခံ​ရပြီး အရပ်(၆)ပေ (၇)လက်မရှိ ဘောလုံးသမား၏ (၂၀၀၆)ခုနှစ် ဂိုးသွင်းပြီး အောင်ပွဲခံသော စက်ရုပ် အကမှာ​ လည်း လူအများ နှစ်ခြိုက်မှုကို ခံခဲ့ရသည်။

ဟာသဉာဏ် အရွှင်ဆုံး ကစားသမားအဖြစ် ကားမောင်းပြိုင်ပွဲင် မာရေးဝေါ်ကာက ရွေးချယ်ခံရသည်။ အင်္ဂလန် ဘောလုံးလက်ရွေးစင် အသင်း၏ နည်းပြကြီး ဖေဘီယို ကာပယ်လို ၏ ဘောလုံး သမားများ၏ ချစ်သူ ဇနီးများအား ရိထားသော စကားမှာလည်း လူကြိုက်များမှု တတိယ နေရာတွင် ရပ်တည်လျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here