3D ရုပ်ရှင်ရုံများမှ ၂၀၀၉​ ခုနှစ်အတွင်း ဝင်ငွေဒေါ်လာ ဘီလျံ၃၀​ နီးပါးရရှိ

alt

ပြီးခဲ့သည့် နှစ်က ကမ္ဘာတဝှမ်းရှိ 3D ရုပ်ရှင်ရုံများမှ ရရှိသော စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာဘီလျံ(၃၀) နီးပါး အထိ ရှိခဲ့ကြောင်း သိရှိရသည်။

(၂၀၀၉)ခုနှစ် အတွင်း 3D စံနစ်ဖြင့် ရုံတင်သော ဇာတ်ကား (၂၀)သာ ရှိခဲ့သော်လည်း ဒေါ်လာ (၂၉.၉) ဘီလျံအထိ ရရှိခဲ့ကြောင်း အမေရိကန် ရုပ်ရှင်အသင်းက ကြေညာလိုက်သည်။ ယင်းမတိုင်မီ တနှစ်ကမူ ဒေါ်လာ (၂၇.၈)သန်းသာ ဝင်ငွေရှိခဲ့ရာ (၈)ရာခိုင်နှုန်း အထိ တိုးတက်လာခြင်း ဖြစ်သည်။

အထူးသဖြင့် ယမန်နှစ်က အလွန် လူကြိုက်များသည့် Avatar ကဲ့သို့ ဇာတ်ကားကို 3D စံနစ်ဖြင့် ပြသခဲ့ရာ ဝင်ငွေပိုမို ရရှိလာခြင်း ဖြစ်သည်။ ထို့အပြင် အမေရိကန်နှင့် ကနေဒါတို့ရှိ စုစုပေါင်း 3D ရုပ်ရှင်ရုံမှာ လည်း စုစုပေါင်း (၁၅၁၄)ခု ရှိနေရာမှ (၃၅၄၈)ခုသို့ နှစ်ဆကျော်မျှ တနှစ်အတွင်း တိုးပွားလာကြောင်း သိရှိရသည်။

သို့သော်လည်း 3D ရုပ်ရှင်ရုံများတွင် ကြည့်ရှုမှု အရေအတွက်မှာ သာမန် ရုပ်ရှင်ရုံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေဆဲပင် ဖြစ်သည်။ ထို့အပြင် ကမ္ဘာအရပ်ရပ်တွင် ပြသနေသည့် 3D ရုပ်ရှင်ရုံ အားလုံး၏ စုစု ပေါင်းဝင်ငွေ ဒေါ်လာ ဘီလျံ(၃၀) အနက် အများစုမှာ အမေရိကားနှင့် ကနေဒါတို့မှ ရရှိနေခြင်း ဖြစ်ပြီး ဥရောပ ဒေသက ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here