လူငယ်များအား လိင် ကိစ္စတွင် အာရုံစိုက် စေလိုကြောင်း Avatar မင်းသမီး ပြောကြား

alt

တကမ္ဘာလုံး အုံးအုံးကျွက်ကျွက် ညံသွားသည့် Avatar ဇါတ်ကားမှ မင်းသမီး ဇိုးဆန်ဒလာက သူမ အနေနှင့် လူငယ်များအား လိင်ကိစ္စ

တွင် အာရုံစိုက်စေလိုသည့် ဆန္ဒရှိကြောင်း ပြောဆို​ သွားခဲ့သည်။

ထိုနယ်ပယ်တွင် ပိုမို စိတ်ရောက်နေခြင်းသည် လူငယ်များ အနေနှင့် ရာဇဝတ်မှုများဆီ ဦးတည်ခြင်းမှ ကင်းဝေးနိုင်မည်ဟု ယုံကြည်​ ကြောင်း Avatar မင်းသမီးက ဆိုသည်။ ခန္ဓာ​ ကိုယ် အလှအတွက် ဂုဏ်ယူလေ့ရှိပြီး လက်ရှိအချိန်တွင် ကာလရှည်ကြာစွာ တွဲနေသည့်ချစ်သူ ကိတ်ဘရစ်တန် နှင့် အတူနေသော ဆန်ဒလာက သူမ ကိုယ်တိုင်လည်း လိင်အာရုံကို နှစ်သက်ပြီး ထိုအရာနှင့် ကင်းကွာကာ မနေနိုင်​ ကြောင်း ပွင့်ပွင့် လင်းလင်း ပင် ဝန်ခံခဲ့သည်။

အသက် (၃၁)နှစ် အရွယ် မင်းသမီးက လူသားများသည် မိမိတို့၏ ဆန္ဒကို ဖုံးကွယ်နေရန် မလိုအပ်ဟု ယူဆကြောင်း ပြောဆိုသွားသည်။ အသက် (၃၁)နှစ် အရွယ် မင်းသမီးက သူမသည် ရုပ်ရှင် ရိုက်ကွင်းတွင် Love Scene များရိုက်​ ရန် လိုအပ်ပါက မည်သည့်အခါတွင်မှ နှောင့်နှေး မနေ​ကြောင်းလည်း ပြောကြားခဲ့သည်။

Essence မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမက ချစ်သူ ဘရစ်တန်နှင့် အခြေအနေကိုလည်း ပြောကြားသွားပြီး သူမ အနေနှင့် ပွင့်ပွင့်လင်းလင်း သဘောထားမျိုးဖြင့် ဘရစ်တန်ကို ဆက်ဆံကြောင်း၊ ဘရစ်တန်နှင့် ပတ်သက်ပြီး လွန်လွန်ကျွံကျွံ၊ လေးလေးနက်နက် ခံစား ကျေနပ်မိကြောင်း ဝန်ခံခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here