ပေ၃ထောင် အမြင့်မှ ပြုတ်ကျသော်လည်း သေကံ မရောက်သည့် အမျိုးသမီး

alt

ဝါသနာအလျှောက် လေထီးခုန်သော လူစွန့်စား အမျိုးသမီး တဦးသည် လေထီး မပွင့်ဘဲ ပေ(၃၀၀၀)​ အမြင့်မှ ပြုတ်ကျခဲ့သည့်တိုင်

ကံကောင်း ထောက်မစွာဖြင့် အသက် မသေခဲ့ကြောင်း သိရှိရသည်။

အသက်(၂၆)နှစ်ရှိ လာရီးစ် ဘက်တလာသည် အနည်းငယ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ခြေတဖက် ကျိုး​ သွားသော်လည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။ မတ်လ (၈)ရက်နေ့က သူမနှင့်​ အတူ လေထီးခုန်ချသော ချစ်သူမှာ အကူအညီမဲ့ ထိုးကျသွားသော လာရီးစ် ကို အထိတ်တလန့် ကြည့်နေ​ ခဲ့ရကြောင်း ပြန်လည် ပြောကြားခဲ့သည်။

သူမသည် လေထီးခုန်နည်း စံနစ်အရ တပ်ဆင်မှုအချို့ လွဲမှားပြီး ယခုလို ထိတ်လန့်စရာ အဖြစ်မျိုး ကြံုခဲ့ရ​ ခြင်း ဖြစ်ကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံ၊ ပို့တ် အဲလီဇဘက်တွင် ဖြစ်ပွားခဲ့သော ကြောက်စရာ ဖြစ်ရပ်တွင် လာရီးစ် အနေနှင့် မသေခဲ့ခြင်းမှာ အံ့ဩစရာ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ယခု လောလောဆယ်တွင် မိုင်ဝက်ကျော်မှ ပြုတ်ကျသည့် လာရီးစ် မှာ အသက် ဘေးအတွက် အန္တရာယ် မရှိသော်လည်း အချိန်ပြည့် စောင့်ကြည့် နေရဦးမည်ဟု သိရှိရ​ သည်။

EP လေထီးကလပ်မှ ဂျူးဗော့က လာရီးစ် သည် အတွေ့အကြံုရင့် လေထီးသမား တဦးဖြစ်ပြီး ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းတတ်ခြင်းကြောင့် အကျတော်ခဲ့ခြင်းဟု ယူဆမိကြောင်း ပြောကြားခဲ့သည်။ သူမ၏ မိသားစုက လေယာဉ်ပေါ် ရောက်ချိန်တွင် လာရီးစ် က လေထီး မခုန်ချင်တော့ကြောင်း ငြင်းဆန်ခဲ့သော်လည်း အတင်း တွန်းချခံရကြောင်း တောင်​ အာဖရိက မီဒီယာများအား ပြောကြားခဲ့ခြင်းကို လေထီးကလပ်က ငြင်းဆန်ထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်သော အသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here