တော့တင်ဟမ် ကွင်းလယ်လူ ဝီဆင် ပလာစီယို ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့လို

alt

တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ ဝီဆင်ပလာစီယိုက မိမိအနေနှင့် အခွင့်အရေး ရပါက ရီးရဲလ်​ မက်ဒရစ်သို့ ပြောင်းရွှေ့ရန်

အသင့်​ ရှိနေကြောင်း ပြောကြားခဲ့သည်။

တော့တင်ဟမ်၏ ကွင်းလယ် မောင်းနှင်အား အဖြစ် ခြေစွမ်းပြနေသော ဟွန်းဒူးရပ် လက်ရွေးစင်သည် ၂၀၀၉​ ခုနှစ်၊ ဇန်နဝါရီလက ဝီဂန်အသင်းမှ တဆင့် လန်ဒန်မြို့ခံ ကလပ်သို့ ပေါင်စတာလင် (၁၂)သန်းဖြင့် ရောက်ရှိ​ လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်း၏ အဓိက ရည်မှန်းချက်မှာ တော့တင်ဟမ် မဟုတ်​ ဘဲ ကြယ်စင်စု အသင်းဟု ကျော်ကြားသော စပိန်ထိပ်သီး ရီးရဲလ်သာ ဖြစ်ကြောင်း အသက် (၂၅)နှစ် အရွယ် ပလာစီယို​ က ဆိုသည်။

၎င်း၏ The Sun သတင်းစာနှင့် အင်တာဗျူး​ တွင် ပြောကြားခဲ့သော မှတ်ချက် စကား​ ကြောင့် တော့တင်​ဟမ် ပရိသတ်အတွက် ဒေါသ​ ထွက်စရာ ဖြစ်ခဲ့ရသည်။ ပလာစီယိုက မိမိသည် အင်္ဂလန် ပရီးမီးယား လိဂ်ကို လေးစားသော်လည်း တော့တင်ဟမ်ထက် ပိုကြီးသော ကလပ်အသင်း တခုတွင် ခြေစွမ်း​ ပြရန် အမြဲဆန္ဒ ပြင်းထန်နေကြောင်း၊ မိမိအတွက် အဓိက ရည်မှန်းချက်မှာ ရီးရဲလ်ပင် ဖြစ်ကြောင်း ပြောကြား​ခဲ့​ သည်။

ပလာစီယိုသည် (၂၀၁၀) ခုနှစ် ကမ္ဘာ့ဖလားတွင် ဟွန်းဒူးရပ်ကို ဦးဆောင်သွားမည့် အဓိက ကစားသမား​လည်း ဖြစ်​ သည်။ ယင်းသည် (၂၀၀၇) ခုနှစ်က ဘာမင်ဂမ် စီးတီးသို့ ရောက်ရှိ လာပြီးနောက် ပရီးမီးယား လိဂ်တွင် ခြေစွမ်း​ ပြကာ ဝီဂန်သို့ ပြောင်းရွှေ့ပြီး ထိုမှတဆင့် တော့တင်ဟမ်သို့ ရောက်လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here