ဖီလစ်ပိုင်တွင် ကွန်ဒုံးများ ဖြန့်ဝေမှု ခရစ်ယာန် ဘုရားကျောင်းများ ကန့်ကွက်

alt

ဖိလစ်ပိုင် နိုင်ငံ ကျန်းမာရေးဌာန အကြီးအကဲ​ က နိုင်ငံအတွင်း AIDS တားဆီးရေး ရည်ရွယ်ချက်ဖြင့် ကွန်ဒုံး​ များဖြန့်ဝေ​

နေမှုကို ခရစ်ယာန် ဘုရားကျောင်း များက ကန့်ကွက်လျှက် ရှိကြောင်း ဝန်ခံပြောကြား​ လိုက်သည်။

ဖိလစ်ပိုင်​ နိုင်ငံတွင် AIDS တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် ယခုနှစ် Valentine’s Day တွင် မနီလာ​ မြို့တော်လမ်းမ​ များတွင် နှင်းဆီပန်းများ၊ ကွန်ဒုံးများကို လက်ဆောင်အဖြစ် ဖြန့်ဝေခဲ့သည်။ နိုင်ငံအတွင်း HIV ပိုးရှိနေသူ အရေအတွက် တစထက်တစ တိုးတက်လာပြီးနောက် အကာအကွယ်မဲ့ လိင် ဆက်ဆံမှုကို ထိမ်းချုပ်နိုင်ရန် ကွန်ဒုံးများ ဝေငှခြင်း ဖြစ်သော်လည်း နိုင်ငံ၏ အင်အားကြီး ရိုမန်ကက်သလစ် ဘုရား​ ကျောင်းတော်က စတင်ကာ ခရစ်ယာန် ဘာသာကို ယုံကြည်သူများ အနေနှင့် ကွန်ဒုံးများကို လက်မခံရန် တိုက်တွန်း နှိုးဆော်မှု ပြုလုပ်ခဲ့သည်။

ထို့ကြောင့်လည်း ကက်သလစ် ခရစ်ယန် ဘာသာဝင် အများစုရှိနေသည့် နိုင်ငံအတွင်း AIDS တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ အခက်အခဲများ ကြံုနေရကြောင်း ကျန်းမာရေးဝန်ကြီး အက်စပါရန်ဇာ ကာဘရယ်က ဝန်ခံ ပြောကြားလိုက်သည်။ ကက်သလစ် ဂိုဏ်းအုပ် ဘုန်းတော်ကြီး များက ကွန်ဒုံးများသည် လက်မထပ်မီ လိင် ဆက်ဆံမှုကို တွန်းအားပေးပြီး ဘာသာရေး အရ အပြစ်ရှိနိုင်ကြောင်း ဟောပြော နေခဲ့ကြသည်။

မတ်လ (၈)ရက်နေ့ ကမူ ကက်သလစ် ကျောင်းတော်ရှေ့တွင် လူ(၁၀၀)ခန့် စုရုံးကာ ခြင်းတောင်း နှစ်ခုအတွင်း စက္ကူပန်းများ နှင့် ကွန်ဒုံးများ အပြည့်ထည့်ကာ ဘုန်းတော်​ ကြီးများ၏ ရပ်တည်မှုကို ဆန္ဒပြခဲ့ကြသည်။ ဖိလစ်ပိုင်​ နိုင်ငံတွင် ကွန်ဒုံးများကို လမ်းဘေးဆိုင်များ၊ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော်လည်း နိုင်ငံလူဦးရေ သန်း(၉၀) ၏ (၃)ပုံ (၁)ပုံခန့်မှာ အလွန် ဆင်းရဲသောကြောင့် ကွန်ဒုံးဝယ်ရန် မတတ်နိုင် ကြကြောင်းလည်း သတင်း​ များက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here