သရဲများအား ပုလင်းထဲ ထည့်ကာ အွန်လိုင်းမှ လေလံတင် ရောင်းချ

alt

နယူးဇီလန်မှ အမျိုးသမီး တဦးသည် ပုလင်းထဲ ထည့်ထားသည့် သရဲ​ များအား Online မှတဆင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရှိ​ ရသည်။

အေဗီဝုဒ်ဗာရီက သူမ၏ ပုလင်း(၂)လုံး အတွက် နယူးဇီလန် ဒေါ်လာ (၂၀၀၀)မျှ ရရှိခဲ့ကြောင်း ပြောဆို​ သွားခဲ့သည်။ သူမက ထိုပုလင်းများ အတွင်း ငယ်ရွယ်သော အမျိုးသမီးလေး တဦး​ နှင့် အဖိုးအို တဦးတို့၏ ဝိဉာဉ်များ ခိုအောင်း​ နေကြောင်း သူမက ဆိုသည်။​

သူမက ယင်းသရဲများကို သူမ တလလျှင် ဒေါ်လာ(၁၀၀)ဖြင့် ငှားနေသော အခန်းထဲမှ ဖမ်းမိခဲ့ခြင်းဟု ဆို​သည်။ ဝုဒ်ဗာရီ​ ၏ Online လေလံမှာ အောင်မြင်ခဲ့ပြီး မတ်လ (၈)ရက်နေ့ လေလံ မပိတ်မီအထိ ဝင်​ရောက်​ ကြည့်ရှုသူ (၂)​ သိန်းကျော် ရှိခဲ့သည်။

ဝုဒ်ဗာရီက မြင့်မြတ်သော ရေစင်ကို အသုံးပြုကာ ဖမ်းဆည်းခဲ့ခြင်းဟု ပြောဆိုသွားသည်။ သရဲ ဖမ်းရာတွင် အသုံးပြု​ ခဲ့သည့် ငွေကြေး အနည်းငယ်ကို ဖယ်ပြီးလျှင် ကျန်လေလံတင် ရောင်းချရငွေ အားလုံးကို တိရိစ္ဆာန်​ စောင့်ရှောက်​ ​ရေး ရံပုံငွေ တရပ်အဖြစ် လှူဒါန်း သွားရန်လည်း သူမက စီစဉ်ထားသည်။ သူမအနေနှင့် ကရားထဲမှ ရေများ အလိုလို ဆူလာ​ ခြင်း၊ သူမအားနောက်မှ တစုံတယောက်က ထိကိုင်ခြင်း၊ စကားသံများ ကြားနေရခြင်း တို့ကို ကြံုပြီးနောက် သရဲဖမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ဝုဒ်ဗာရီက ​ပြောဆိုသည်။

ထို့အပြင် သူမအနေနှင့် သရဲခြောက်ခြင်းကို မကြောက်သည့်အပြင် ပျော်ပင် ပျော်မိကြောင်း၊ အတွေ့အကြံုသစ် တခု ရတော့မည်ဟု တွေးမိသဖြင့် ရင်ခုန်ခဲ့ကြောင်းလည်း ဆက်​ လက် ပြောကြားသွားသည်။ သူမထံမှ ဝယ်ယူ​သွား​ သည်မှာ နယူးဇီလန် စီးကရက်ကုမ္ပဏီ တခုဖြစ်ပြီး ယခုအခါ သရဲနှစ်ကောင်အား မည်သို့မည်ပုံ ဆက်လက် ပြုလုပ်​ သင့်သည်ကို ဝုဒ်ဗာရီ​ အား စုံစမ်းမေးမြန်း နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here