ဘီလျံနာ​ သူဌေး ချီလီ နိုင်ငံတွင် သမ္မတအ​ဖြစ် အာဏာရ လာတော့မည်

alt

ပြီးခဲ့သည့် လက ပြင်းထန်လှသော ငလျင်ကြီးတခု လှုပ်ခတ်သွားသော ချီလီနိုင်ငံတွင် သမ္မတသစ် အာဏာ ရလာတော့မည် ဟု သိရှိရသည်။

သမ္မတသစ် အဖြစ် တာဝန်ယူမည့် ဆီဘက် စတီယန် ပီနာရာသည် မကြာမီ ကျမ်းသစ္စာ ကျိန်ဆိုဖွယ် ရှိနေ​ပြီ​​ ဖြစ်သည်။ ယခင် သမ္မတ မစ်ချယ်လီ ဘီချာလက် မှာမူ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ သဘာဝ ဘေးဆိုးကြီး ကျ​ရောက်​ ပြီးနောက် စီမံမှုရေးရာများ နှောင့်နှေးသည် ဟူသော စွပ်စွဲချက်ဖြင့် ပြည်သူများ၏ အကြီးအကျယ် ဒေါသထွက်မှုကို ခံနေရပြီး နိုင်ငံသမ္မတ တဦးအနေနှင့် အဆိုးရွားဆုံး စံချိန်တင်အဖြစ် ပြည်သူ့ထောက်ခံမှု ကျဆင်း သွားခဲ့ရသည်။

နိုင်ငံ လူဦးရေ၏ (၈၄) ရာခိုင်နှုန်းသည် ဘီချာလက် အစိုးရ၏ လုပ်ငန်းများအပေါ် အပြင်းအထန် ဝေဖန်​ မှုများ ပြုလုပ်ခဲ့သည်။ ချီလီနိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ဝန်ကြီးဖြစ်သူ ကာမန်​ ဖာနန်ဒက် မှာလည်း ယင်းပြဿနာ များကြောင့် နှုတ်ထွက်သွားရပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပါတ် ကလည်း သမ္မတ ဘီချာလက်သည် ရေတပ်မှ အဏ္ဏဝါ ဗေဒဆိုင်ရာ ညွှန်ကြား​ ရေးမှူး ကိုလည်း ငလျင်အပြီး ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းများ အန္တရာယ်ကို ကြိုတင် မတွက်ချက်နိုင်မှုကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့သေးသည်။

ယခုအခါ ဘီချာလက် ကိုယ်တိုင် သူမ အနှစ် (၂၀)လုံးလုံး တာဝန်ယူထားသည့် သမ္မတ ရာထူးကို စွန့်ခွာရတော့မည်ဖြစ်သည်။ ချီလီ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် မှတ်တမ်း​ ဝင်ခဲ့သော ဘီချာလက်သည် ရွေးကောက်ပွဲတွင် ထပ်မံ ပါဝင်ခွင့် ရတော့မည် မဟုတ်ချေ။

နောက်တက်မည့် သမ္မတလည်း ဖြစ်သည့် ဘီလျံနာသူဌေး ပီနာရာက မိမိတို့သည် ငလျင်ကြီးကို တားဆီးနိုင်သည့် အစိုးရ မဟုတ်ကြောင်း၊ ပြန်လည် ထူထောင်ရေးကိုသာ ဆောင်ရွက် ပေးနိုင်မည့် အစိုးရ ဖြစ်ကြောင်း ပြောကြား​ ထားလိုက်သည်။ အသက် (၆၀)အရွယ် ပီနာရာသည် နိုင်ငံတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးလည်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here