မြန်မာ စစ်အစိုးရ တပ်များ ဝ ထိန်းချုပ်နယ်မြေ​ အနီးသို့ ရောက်နေ

alt

မြန်မာ​ စစ်အစိုးရ​ တပ်များ ဝ ပြည်​ သွေးစည်းရေး တပ်မတော် ခေါင်း​ ဆောင် ပေါက်ယူချမ်း ဦးဆောင်​ သည့် ဝ ဌာနချုပ် ပန်ဆန်း​

အနီးသို့ ပိုမိုအင်အား​ ဖြည့်တင်းကာ ချဉ်းကပ်​ လာသည်ဟု ဒေသခံများက အတည်ပြု ပြောဆို​ ကြသည်။

ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းနောင်​ ဘက်ရှိ တပ်မ၅၅ မှအင်အား ၂၀၀၊ တပ်မ၃၃ မှ​ အင်အား ၁၅၀၀၊ တပ်မ ၉၉ မှ အင်အား ၅၀၀ခန့် ထပ်မံအင်အား​ ဖြည့်တင်းလာနေပြီး၊ ယခင်​ ရောက်ရှိနေသည့် တပ်မရ၇ မှ အင်အား ၂ထောင်ခန့် အခြေစိုက်လျှက်​ ရှိသည့် ကိုးကန့်နှင့်​ ဝ နယ်ခြား​ဘက်​ ကို ဦးတည် သွားနေ​သည်​ ဟု ယူဆရကြောင်း အဆိုပါ ဒေသခံက​ ပြောဆိုခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ဝ ပြည်သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် န.အ.ဖ ကိုယ်​ စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တန့်ယန်း၌ တွေ့ဆုံစဉ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အကြောင်းပြန်ကြားရန်နှင့် အကြောင်းမပြန်ပါက အင်အားသုံး တိုက်ခိုက်​ ကောင်း တိုက်ခိုက်ရလိမ့်မည်ဟု ဆိုခဲ့သည်။

အမည် မဖေါ်လိုသည့် ဝ အရာရှိတဦးက န.အ.ဖ ဖွဲ့စည်းပုံမှာ ကျနော်တို့ ဝ အမျိုးသားတွေ အတွက် ဘာအခွင့် အရေးမှ ပေးမထားဘူး။ လက်ခံလိုက် မယ်ဆိုရင် ဝ အမျိုးသားတွေ အတွက် အခွင့်အရေး ဆိုတာဘာမှ ရှိမှာ မဟုတ်​ ဘူး။ တိုင်းရင်းသား တန်းတူအခွင့်အရေး အတွက် ကျနော်တို့ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက တိုက်ပွဲ ဝင်ခဲ့ကြတာဟု ဝ ထိပ်ပိုင်း ခေါင်းဆောင် များက ယူဆနေကြကြောင်း ပြောဆိုခဲ့သည်။ ဝ ပြည် သွေးစည်းရေး ဘက်မှလည်း ဖေဖေါ်ဝါရီ လ ၂၅ ရက်နေ့ တွေ့ဆုံပွဲပြီး နောက်ပိုင်း စစ်ရေး ပြင်ဆင်မှုများ ရှိလာခဲ့ပြီး၊ မည်သည့် အဖွဲ့မဆို မိမိထိန်းချုပ်နယ်မြေ သတ်မှတ်မျဉ်းအတွင်း​ ကျွံဝင်လာပါက မိမိကိုယ်​ မိမိကာကွယ်​ ရန်အတွက် ပစ်မိန့် ပေးထားကြောင်း အဆိုပါ​ အရာရှိက ဆိုသည်။

ပေါက်ယူချမ်း​ ခေါင်းဆောင်သည့် ဝ ပြည်သွေးစည်းရေး​ တပ်မတော်မှ​ တောင်းဆိုထားချက်များ​ အားလုံးကို မြန်မာ စစ်အစိုးရက လုံးဝလက်မခံ ပယ်ချထားပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအတိုင်း လက်ခံရန် ဝ တို့အား ဖိအား​ ပေးလျှက်​ ရှိကာ သတ်မှတ်ထားသည့် မတ်လ ၁၅ ရက်နေ့သို့ရောက်ရန်လည်း ရက်ပိုင်းမျှသာ လိုတော့သည်ကို​ ​သိ​ရှိ​ရ​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here