အမျိုးသားများ သေခါနီး အထိ လိင်မှုကိစ္စ စိတ်ဝင်စား တတ်ကြ

alt

ဗြိတိန်နိုင်ငံမှ သုတေသန ပညာရှင်​ များ၏ အဆိုအရ သာမန်အားဖြင့် အမျိုးသား​ များသည် သေခါနီးအချိန်​ အထိ လိင်မှုကိစ္စကို စိတ်ဝင်စား

နေတတ်ကြောင်း သိရှိရသည်။

ဗြိတိသျှ ဆေးပညာ​ ဂျာနယ်တွင် ဖော်ပြထားမှု​ အရ အမျိုးသားများသည် အမျိုးသမီး တဦးနှင့် လိင်ဆက်ဆံ​ ခွင့်ရရန် စိတ်​ ထက်သန်မှုသည် သက်ကြီးပိုင်းထိ လျော့နည်း​ မသွားဘဲ ရှိတတ်ကြောင်း သိရှိရသည်။ ပညာရှင်​ များက လေ့လာမှုများ အရ အသက် (၇၅)နှစ်မှ (၈၅)နှစ်ကြား အမျိုးသား (၃၈.၉) ရာခိုင်နှုန်းသည် လိင် စိတ်လှုံ့ဆော်မှု ရှိနေဆဲ​ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း အသက်အရွယ် အမျိုးသမီးများ အနက် လိင် ဆက်ဆံမှု ပြုလုပ်လိုသော အရေအတွက်မှာ (၁၆.၈) ရာခိုင်နှုန်း​သာ ရှိတော့သည်။ ထို့​ အပြင် သုတေသီများက လူအများ အနေနှင့် ပျော်ရွှင်စရာ လိင်မှုဘဝကို ပိုင်ဆိုင်ခွင့်ရပါက ကျန်းမာ အသက်​ ရှည်သည်ဟု ယုံကြည်ကြကြောင်းလည်း ဖွင့်ဟပြောဆို​ လိုက်သည်။ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် လေ့လာ​ ထားသော စစ်တမ်းအရ အခြား သိရှိလာရသည့် အချက်များ​ မှာ အောက်ပါအတိုင်း ဖြစ်သည်။

– ကျန်းမာရေး ကောင်းမွန်သော အမျိုးသား အမျိုးသမီးများသည် ချူချာသူများထက် လိင်မှု ရေးရာတွင် ပိုမို ကျေနပ်​ နှစ်သိမ့်မှု ရရှိတတ်သည်။

– လိင်ကိစ္စ အားသန်သူများတွင် ကျန်းမာရေး ကောင်းသူများက အကြိမ်ပိုများများ လိင်​ ဆက်ဆံဖူးကြ​သည်။

– အသက်(၃၀) ဝန်းကျင် အရွယ်သည် လိင်မှုစွမ်းရည် အကောင်းဆုံး ဖြစ်သည်။ (၅၅)နှစ်ကျော်သည် စွမ်းဆောင်ရည် စတင် သိသိသာသာ လျော့နည်းလာသည့် ကာလလည်း ဖြစ်​သည်။

– အသက်(၅၅)နှစ် အရွယ်တွင် ကျန်းမာရေး အခြေအနေ ကောင်းသော အမျိုးသားများသည် ကျန်းမာရေး ညံ့ဖျင်း​ သူများထက် နောက်ထပ် (၅)နှစ်မှ (၇)နှစ်မျှ လိင်မှုသုခ အာရုံကို ပြည့်ပြည့်ဝဝ ရရှိနိုင်သည်။​ ကျန်းမာရေး ကောင်း​ သော အမျိုးသမီး များမှာမူ ချူချာသူများ ထက် (၃)နှစ်မှ (၆)နှစ် အထိ ပိုမို ရှည်ကြာစွာ လိင်မှုရေးရာ နှစ်သိမ့်မှုကို ခံစားရသည်။

– သာမန်အားဖြင့် အမျိုးသားများသည် လိင်မှုဘဝ အတွေ့အကြံုတွင် အမျိုးသမီး များထက် ပိုများသည်။ သို့သော်​ လည်း အမျိုးသား အများစုသည် ကျန်းမာရေး အခြေ​အနေ​ကြောင့် လိင်မှုသုခ ခံစားရသည့် အချိန်အပိုင်း အခြား​ မှာ လျော့နည်း နေတတ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here