ထိုင်းအစိုးရ ပြည်တွင်း လုံခြုံရေး အရေးပေါ် အခြေအနေ ထုတ်ပြန်​ ကြေညာ

alt

မတ်လ (၁၁)ရက်မှ (၂၃)ရက်နေ့ အထိကို ပြည်တွင်းလုံခြံုရေး အရေးပေါ် အခြေအနေ​ အဖြစ် ကြေညာသည့် အက်ဥပဒေကို ထိုင်း အစိုးရက ထုတ်ပြန်ခဲ့လိုက်​ ရပြီ ဖြစ်သည်။

ယင်း ဥပဒေအရ မြို့တော် ဘန်ကောက်နှင့် အနီးအနား ခရိုင်(၈)ခု​ သည် အရေးပေါ် အခြေအနေ​ အတွင်း အကျံုးဝင်နေမည် ဖြစ်သည်။ ယင်းသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်​ ရှီနာဝပ်အား ထောက်ခံသူ ရှပ်နီ အင်အားစု များက စုရုံးဆန္ဒပြရန် စီစဉ်နေကြောင်း သတင်းများ ပျံ့နှံ့လာပြီးနောက် အစိုးရက အစီအစဉ် ရေးဆွဲ​ ခဲ့ခြင်း ဖြစ်သည်။

(၂၀၀၆) ခုနှစ်က အာဏာသိမ်းခံရသည့် သက်ဆင်အား ထောက်ခံသည့် အင်အားစုများသည် ယခုအချိန်ထိ ထိုင်း​ နိုင်ငံတွင် အင်အား​ ကြီးကြီးမားမား တည်ရှိနေဆဲ ဖြစ်သည်။ ရှပ်နီများက မိမိတို့အနေနှင့် အစိုးရ၏ ရွေးကောက် ပွဲသစ်အား ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ရန် စီစဉ်နေကြောင်း ကြေညာပြီးနောက် ထိုင်း ဝန်ကြီးချုပ် အဘီဆစ်​ ဗီဂျာဂျီဗာသည် တိုင်းပြည်​ အခြေအနေ ဆိုးရွား​ လာနိုင်ကြောင်း ဝန်ခံကာ ဩစတြေးလျသို့ သွားရောက်မည့် ခရီးစဉ်ကိုပါ အရေးပေါ် ဖျက်သိမ်း လိုက်ရသည်။

ထိုင်းနိုင်ငံတွင် နောက်ဆုံး အကြိမ် အရေးပေါ် အခြေအနေ ကြေညာသည့် ကာလတို အက်ဥပဒေကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အာဆီယံ အစည်းအဝေး ကျင်းပစဉ်က ပြဌာန်းခဲ့ဖူးသည်။ ထိုင်းအစိုးရက မိမိတို့ အနေနှင့် တရား​ ဥပဒေဘောင်​ အတွင်းမှ နိုင်ငံအာဏာကို ဆက်လက် ထိန်းသိမ်းသွားရန် အပြည့်အဝ ကြိုးပမ်းမည်ဟု ကြေညာ​ ထားသည်။

ဘဏ္ဍာရေး ဝန်ကြီး ကွန်ချက်တီကာဗီနစ်က ရှပ်နီတို့၏ လှုပ်ရှားမှုမှာ သေးငယ်သည့် ပမာဏလေးသာ ဖြစ်သော်လည်း နိုင်ငံတည်ငြိမ်မှုကို ထိခိုက် စေနိုင်သောကြောင့် စံနစ်တကျ ထိန်းသိမ်း ကိုင်တွယ်သွားမည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here