ဇနီးသည် နို့ရည်ကို ချိစ် လုပ်ကာ​ ရောင်းချသည့် နယူးယောက်​ မြို့က စားသောက်ဆိုင်

alt

အမေရိကန်နိုင်ငံ နယူးယောက် မြို့တော်ရှိ စားသောက်ဆိုင် တခုတွင် ထူးထူးခြားခြား ချိစ်​ တမျိုးကို ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။

Klee Brasserie စားသောက်ဆိုင်မှ စားဖိုမှူး ဒင်နီရယ်အန်ဂီရာ က ၎င်း၏ချိစ်သည် ဇနီးသည်ထံမှ ရရှိသည့် နို့ရည်ဖြင့် ပြုလုပ်​ ထားသည့် Home Made အစစ်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

၎င်းသည် တချိန်က TV အစီအစဉ် Iron Chef တွင် နာမည်ကျော် စားဖိုမှူး ဘော်ဘီဖလေးကို အနိုင်ယူခဲ့ဖူးသူ​ လည်း ဖြစ်သည်။ ၎င်းက လူသားထွက်ကုန် တခုဖြစ်သည့် လူနို့ရည်ဖြင့် ချိစ် ပြုလုပ်ရန် စိတ်ကူးရပြီး အမှန်တကယ် အကောင်အထည် ဖော်ခဲ့ကြောင်း နယူးယောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

ယခုအခါ ၎င်း၏ လက်ရာသစ် အစားအသောက်ကို မှာယူမှုများ ရှိနေပြီဟုလည်း ဖလေးက ဆိုသည်။ ၎င်း၏ ဇနီး လော်ရီ​ မေဆန်က အချို့သော ဖောက်သည်များက ယခုကိစ္စအား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မိမိအနေနှင့် Sex နှင့်ချိစ်ကို ရောနှောခြင်း မဟုတ်ဘဲ လောလောဆယ်တွင် မိမိ၏ ရင်သားသည် အစားအသောက် ပြုလုပ်ရန် အသုံးဝင်နေကြောင်း ​ထောက်​ပြ​ ပြောကြားသွားခဲ့သည်။ ထို့အပြင် အချို့ကလည်း “ကျနော် တခါမှ ကလေး​ လေးလို နို့မစို့ဖူးဘူး။ ခင်ဗျား ကူညီနိုင်မလား”ဟု ခပ်ညစ်ညစ် email မျိုး ပေးပို့ခဲ့ကြောင်းပင် မေဆန်က ဆို​ သည်။

နယူးယောက် မြို့တော် ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက လူသားနို့အတွက် အစားအသောက် အန္တရာယ်​ ကင်းကြောင်း Code သတ်မှတ်ထားရှိမှု မရှိသော်လည်း အဆိုပါ ချိစ်ရောင်းချမှုကို တားမြစ်မည် မဟုတ်ဟု အတည်ပြု​ ထားသည့်တိုင် ယင်း အစားအသောက်ကို ဆက်လက် မပြုလုပ်ရန် အကြံပေး ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here