လိင်မှုကိစ္စတွင် အမျိုးသားများက အမျိုးသမီးများထက် အတွေ့အကြုံ​ ပိုများ

alt

အမျိုးသားများ အနေနှင့် ပျမ်းမျှ အားဖြင့် အမျိုးသမီး များထက် လူ့သက်တမ်း​ ပိုတိုကြ​ သော်လည်း လိင်မှုဆိုင်ရာ ကိစ္စများတွင် ပိုမို​ အတွေ့အကြံု ရှိတတ်ကြောင်း

လိင်မှု လေ့လာရေး စစ်တမ်းတခုက ဖော်ပြခဲ့​ သည်။

အမေရိကန် နိုင်ငံ ချီကာဂို တက္ကသိုလ်မှ လိင်မှု ဆေးပညာဌာန၏ စီမံကိန်း ဒါရိုက်တာ စတေစီ တက်စလာလင်ဒေါက ပျမ်းမျှအားဖြင့် အမျိုးသား​ များသည် အမျိုးသမီးများထက် စိတ်ကျေနပ်စရာ ကောင်းသော လိင်မှုဘဝကို အချိန်ကြာကြာ ပိုင်ဆိုင်​ နေတတ်ကြောင်း ပြောကြားခဲ့သည်။

တက္ကသိုလ်မှ ပြုလုပ်သော စစ်တမ်းအရ ပျမ်းမျှအားဖြင့် လူ့အသက် (၅၅)နှစ်ကြာ နေထိုင်ခဲ့သူများ အနက် အမျိုး​ သားများသည် လိင်မှု လှုပ်ရှားမှုအတွက် (၁၅)နှစ်မျှ အချိန်ကို ဖြတ်သန်းခဲ့ဖူးပြီး အမျိုးသမီး များကမူ (၁၀)နှစ်​ မျှသာ တွေ့ကြံုဖူးကြောင်း သိရှိရသည်။ ပညာရှင်များသည် ယခု စစ်တမ်းအတွက် အသက် (၂၅)နှစ်မှ (၇၄)နှစ် အရွယ် လူ(၃၀၀၀)နှင့် အခြား တသုတ်အဖြစ် အသက် (၅၇)နှစ်မှ (၈၆)နှစ်ကြား လူ(၃၀၀၀)တို့ကို သဘောထား ကောက်ခံ မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုများ အရ လိင်နှင့် အသက်အရွယ် တို့သည် ကျန်းမာရေးနှင့် ဆက်စပ်မှုများ ရှိနေကြောင်း သိရှိရသည်။ ပညာရှင်များက သက်လတ်ပိုင်းအရွယ် အမျိုးသားများသည် အပြည့်ဝဆုံး၊ ကျေနပ်စရာ အကောင်းဆုံး လိင်မှုဘဝကို ခံစားကြရလေ့ ရှိပြီး သာမန်အားဖြင့် အမျိုးသားများ၏ စိတ်ကျေနပ်ဖွယ် အကောင်းဆုံး လိင်မှုဘဝ အချိန်သည် အမျိုး သမီး များထက် (၅)နှစ်မှ (၇)နှစ် အထိ ကြာရှည်​ တတ်ကြောင်းလည်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here