ပြန်လည် ထူထောင်ရေး ကူညီထောက်ပံ့မှု တောင်းခံရန် ဟေတီသမ္မတ အမေရိကန်သို့ ရောက်ရှိနေ

alt

ဟေတီသမ္မတ ရီနီပရီဗယ်သည် အမေရိကန်သို့ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် အကူအညီ တောင်းခံရန် သွားရောက်မည်ဟု သိရှိရသည်။

ဇန်နဝါရီလ (၁၂)ရက် နေ့က လှုပ်ရှားသွားသည့် ငလျင်ကြီးကြောင့် လူပေါင်း၃သိန်း နီးပါး သေကြေကာ ပို့အူပရင့်မြို့တော် တခုလုံးနီးပါး ပျက်စီးခဲ့ရသည့် ဟေတီအတွက် ထောက်ပံ့ရေး ပစ္စည်းများ အကူအညီ တောင်းခံရန် ပရီဗယ်က အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် မတ်လ(၁၀) ရက်နေ့တွင် ပုဂ္ဂိုလ်ရေး သီးသန့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခု လောလောဆယ်တွင်လည်း ဟေတီသို့ အမေရိကန်မှ တဦးချင်း လှူဒါန်းမှုများရော၊ စုပေါင်း လှူဒါန်းမှု များပါ အလုံးအရင်း ဝင်ရောက်နေဆဲ ဖြစ်သည်။ သမ္မတ ပရီဗယ်က မိမိ၏ နိုင်ငံတွင် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးနိုင်ရန်နှင့် စားနပ်ရိက္ခာ ထောက်ပံ့မှု တိုးမြှင့်ပေးနိုင်ရန် လိုအပ်နေဆဲ ဖြစ်ကြောင်း ဝန်ခံ လိုက်သည်။

ပရီဗယ်သည် အမေရိကန်သို့ သွားရောက်စဉ် သမ္မတ အိုဘားမား အပြင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် နှင့်ပါ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here