ဆိုမာလီယာ ပင်လယ်ဓားပြ ၃၅ဦးအား ပြင်သစ်ရေတပ် ဖမ်းဆီး​ ရမိ

alt

ပြင်သစ် ရေတပ်သည် ဆိုမား လီယာမှ ပင်လယ် ဓားပြ (၃၅)ဦး​ အား ဖမ်းဆီးရမိ​ ခဲ့ကြောင်း ကြေညာ လိုက်သည်။

ယင်းမှာ (၂၀၀၈)ခုနှစ် ကတည်းက အေဒင် ပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာတို့တွင် သောင်းကျန်းနေသည့် ပင်လယ် ဓားပြများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည့် နိုင်ငံတကာ ပူးပေါင်း ရေတပ်အတွက် အအောင်မြင်ဆုံး စွမ်းဆောင် နိုင်မှုလည်း ဖြစ်သည်။

ပြင်သစ်ရေတပ် အာဏာပိုင်များက မတ်လ (၅)ရက်နေ့မှ စတင်သော (၃)ရက်ကြာ Operation အတွင်း ပင်မ လှေကြီး (၄)စင်းနှင့် အမြန်ချဉ်းကပ် လှေငယ် (၆)စင်းတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ကြေညာသွားခဲ့သည်။ ဥရောပ ယူနီယံသည် ပင်လယ်ဓားပြ တိုက်ဖျက်ရေး ရေတပ် လှုပ်ရှားမှုများကို (၂၀၀၈)ခုနှစ် ဒီဇင်ဘာလက စတင် ခဲ့သော်လည်း ကမ္ဘာပေါ်တွင် ဖြတ်သန်းသွားလာမှု အများဆုံး ရေပြင်အား ကမ္ဘာ့ လုံခြံုမှု အနည်းဆုံး ရေပြင်အဖြစ် နာမည်ဆိုး ထွက်လာစေသော ပင်လယ် ဓားပြများကို ထိထိရောက်ရောက် မတားဆီး နိုင်ခဲ့ချေ။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ယခု Operation တွင် ပြင်သစ် စစ်သင်္ဘောများမှ ရဟတ်ယာဉ်များနှင့် အဝေးပစ် လက်နက်များကို အသုံးပြုခဲ့ကြောင်း ကြေညာသွားသည်။ ဆိုမာလီ ပင်လယ် ဓားပြများသည် ကမ်းခြေမှ မိုင်ပေါင်းရာကျော် ကွာဝေးသော နေရာမှ ဖြတ်သန်းသွားသည့် စီးနင်းနိုင်စွမ်း ရှိကြပြီး နိုင်ငံတကာ ရေတပ်၏ တားဆီးဟန့်တားမှု များကြားမှ သင်္ဘောများစွာကို ပြန်ပေးဆွဲပြီး သင်္ဘောသား အမြောက်အများကို ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here