ကားမောင်းရင်း မဆင်မခြင် လုပ်သည့် အမျိုးသမီးကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရ

alt

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ဓာတ်ဆီဆိုင် တခုတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တခုအတွက် အမျိုး သမီး တဦးမှာ ကျော်မကောင်း ကြားမကောင်း စွပ်စွဲ ခံနေရသည်။

ကူဒီဂျိုကီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် အမျိုးသမီး တဦးသည် ကားမောင်းရင်း ဘီကနီ ဧရိယာ တွင် အမွှေး ရိတ်နေရာမှ အခြား ကားတစင်းကို ဝင်တိုက်ခဲ့ခြင်းဟု သိရှိရသည်။

ကားပေါ်တွင် မီဂန်မာရီယာဘာနာ နှင့်အတူ လိုက်လာသည့် သူမ၏ ခင်ပွန်းဟောင်း ဂယ်ရီဒူနစ်က အမျိုး သမီး၏ မဆင်မခြင် လုပ်ကိုင်နေမှုတွင် ၎င်းသည် စတီရာတိုင်အား အသည်းအသန် ဝင်ထိမ်းခဲ့သော်လည်း မအောင်မြင်ဟု စွပ်စွဲခဲ့သည်။

သူမသည် လက်ရှိချစ်သူနှင့် သွားတွေ့ရန် ထွက်ခွာလာခြင်း ဖြစ်ပြီး ထိုသို့ တွေ့ချိန်တွင် အဆင်သင့် ဖြစ်နေ စေရန် သူမ၏ တကိုယ်ရေ ဧရိယာရှိ အမွှေးများအား ရိတ်ရန်လိုသည်ဟု ပြောခဲ့ချိန်တွင် နောက်နေသည်ဟု ထင်ခဲ့ကြောင်း၊ သို့သော်လည်း သူမ တကယ်လုပ်မှန်း သိရချိန်တွင် မျက်လုံး ပြူးသွားမိကြောင်း ဂယ်ရီက ပြောဆို သွားခဲ့သည်။ တာဝန်ရှိသူ များက ပြီးခဲ့သည့် သီတင်းပါတ် ယာဉ်တိုက်မှု အတွင်း အတိုက်ခံရသည့် ပစ်ကပ်ကားမှ ဒဏ်ရာ အနည်းငယ် စီ ရသွားသည့် အမျိုးသမီးများကို ဆေးရုံသို့ ပို့ပေးလိုက်ရကြောင်း အတည်ပြုခဲ့သည်။

အသက် (၃၇)နှစ်ရှိ မီဂန်မာရီယာသည် ယင်း ယာဉ်တိုက်မှု မဖြစ်ပွားမီ တရက်ကလည်း သက်တမ်းလွန် လိုင်စင်ဖြင့် မောင်းနှင်နေသည့် အတွက် ရဲများက သတိပေးမှုကို ခံထားရပြီး ဖြစ်သည်။ ယခုအခါ ကားမောင်းရင်း ကပ်သီးကပ်သတ်ဖြင့် အမွှေးရိတ်ရန် ကြိုးစားခဲ့သည့် မီဂန် မာရီယာသည် ယာဉ်တိုက်မှု၊ သက်တမ်းလွန် လိုင်စင်ဖြင့် မောင်းနှင်မှုများ အတွက် စွဲချက် တင်ခံရဖွယ် ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here