ချယ်ရီကိုးလ် လန်ဒ​န်​ ဆာရေး အရပ်တွင် အိမ်လိုက်ရှာနေ

alt

အက်ရှ်လေကိုးလ် က မိမိ၏ အိမ်ထောင်ရေးကို အဖတ်ဆည် နိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆို ထားသည့်တိုင် ချယ်ရီ ကိုးလ်မှာ လန်ဒန်တွင် အိမ်အသစ် ဝယ်ရန် လိုက်ရှာနေပြီ ဖြစ်သည်။

Girls Aloud အဖွဲ့မှ အဆိုတော်မလေးသည် ခင်ပွန်းသည် အင်္ဂလန် လက်ရွေးစင်နှင့် ချဲလ် ဆီး ဘောလုံးသမား အက်ရှ်လေ၏ လူမှုရေး ဖောက်ပြန်မှု များအား လုံးဝ သည်းမခံနိုင် တော့ဟု သူမနှင့် နီးစပ်သူများက ဆိုသည်။

ထို့ကြောင့်လည်း ဆာရေးရပ်ကွက် အနီးတွင် အိမ်တလုံး ဝယ်ယူရန် လိုက်ရှာနေခြင်း ဖြစ်ကြောင်း ချယ်ရီ့ သူငယ်ချင်းများက ဆိုသည်။ အသက် (၂၆)နှစ် အရွယ် ချယ်ရီသည် X Factor ရုပ်မြင်သံကြား အစီ အစဉ်တွင် ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ပေးသည့် အတွက် တနှစ်လျှင် ပေါင်စတာလင် (၁.၂)သန်း ရရှိနေ သလို Kit Kat၊ Coke Zero နှင့် L’Oreal တို့၏ ကြော်ငြာများကို တာဝန် ယူထားပေးရာမှလည်း ပေါင် စတာလင် (၂.၄)သန်း ရရှိနေသေးသည်။

ထို့အပြင် သူမ၏ နာမည်ကျော် Fight For This Love နှင့် 3 Words တို့ကဲ့သို့ သီချင်းများကြောင့် ဂီတ လောကတွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိနေရာ ခင်ပွန်းသည်နှင့် အပြိုင် ဝင်ငွေကောင်းသူ ဖြစ်သည်။ အက်ရှ်လေသည် ချဲလ်ဆီးတွင် တပါတ်လုပ်ခ ပေါင်(၁)သိန်း ရရှိနေပြီး ချယ်ရီအနေနှင့် လက်ရှိသူမတို့ ဇနီး မောင်နှံ နေထိုင်သော ပေါင် (၃.၅)သန်းတန် နေအိမ်အတွက် တန်ဖိုးတဝက်ကို ကွာရှင်းခွင့် တောင်းခံချိန်တွင် ထည့်သွင်း တောင်းဆိုသွားဖွယ် ရှိနေကြောင်း သိရှိရသည်။

ချယ်ရီ့ သူငယ်ချင်းများက သူမသည် ထိုအိမ်အား အလွန် နှစ်သက်ကြောင်း၊ သို့သော်လည်း အိမ်ထောင်ရေးနှင့် ပတ်သက်သည့် နာကျည်းစရာ အားလုံးကို အတိတ်တွင် ထားခဲ့ချင် စိတ်ကြောင့် ထိုအိမ်ကိုလည်း ပိုင်ဆိုင်လိုစိတ် မရှိ တော့ကြောင်း ပြောကြားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here