ဆိုက်ပရပ် သမ္မတဟောင်း၏ အလောင်းအား အုတ်ဂူ ဖောက်ထွင်းခိုးယူ

alt

ဆိုက်ပရပ် သမ္မတဟောင်း၏ အုတ်ဂူကို ဖောက်ထွင်းကာ ရုပ်အလောင်းကို ခိုးယူသွားမှုဖြင့် လူ(၃)ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်ဟု သိရှိရသည်။

သမ္မတဟောင်း တက်ဆော့ပါပါဒူပူလော့၏ အလောင်းကို ခိုးယူခဲ့သည်ဟု သံသယရှိသူ ဆိုက်ပရပ် နိုင်ငံသား (၂)ဦးနှင့် နိုင်ငံခြားသား (၁)ဦးကို ဖမ်းဆီးထားလိုက်ပြီဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက အတည်ပြုခဲ့သည်။ ဂရိနွယ်ဖွား ဆိုက်ပရပ် နိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ်ခံရသူ တက်ဆော့၏ အလောင်း အား ခိုးမှုဖြင့် အခြားတဦးအား ထောင်ဒဏ်ချမှတ်ပြီး ဖြစ်သည်။

ယင်း ရုပ်အလောင်းသည် လွန်ခဲ့သော (၃)လက နစ်ကိုရှားရှိ သင်္ချိုင်းတခုမှ ခိုးယူခဲ့ခြင်း ခံခဲ့ရပြီး ယခုအခါ ရဲ များက ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။ DNA စစ်ဆေးမှုအရ အလောင်းသည် သမ္မတ၏ ရုပ်ကြွင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မစ်ချယ်လစ်ကက် ဆွန်နိုတော့ က AP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က အလောင်းခိုးယူသူ များသည် ယူရို (၃)သိန်းမျှ ပြန်ပေးငွေ တောင်းခံရန် အလောင်းအား ခိုးယူခဲ့ခြင်းဟု ယူဆရကြောင်း ပြောဆိုခဲ့ပြီး နောက်ထပ် စုံစမ်းမှုများ ပြုလုပ် နေဆဲဟု ဆိုသည်။ အလောင်းသည် ဒီဇင်ဘာ (၁၁)ရက်နေ့ ခိုးယူခံခဲ့ရခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ရဲများက မိသားစုအား သီးသန့် သဂြိုဟ်ရန် ပြန်လည် ပေးအပ်ခဲ့သည်။ ဆိုက်ပရပ် နိုင်ငံ ထူထောင်သူ ရှေ့ဆောင် ဖခင်ကြီးအဖြစ် ဂုဏ်ပြုခံရသော တက်ဆော့သည် (၂၀၀၃) ခုနှစ်မှ (၂၀၀၈)ခုနှစ် အထိ သမ္မတ ရာထူးတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး (၂၀၀၈) ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်ခဲ့သည်။

ရဲများက အလောင်းခိုးသူ များသည် ကီလိုဂရမ် (၂၅၀)လေးသည့် စကျင် ကျောက်ဖျာကြီးကို တူးထုတ်ကာ အလောင်းအား သယ်ယူနိုင်ရန် အသေးစိတ် စီမံကိန်းချ ဆောင်ရွက်ခဲ့ ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here