အမြင် မသင့်တော်သည့် Tattoo အား ဒေးဗစ်ဘက်ခမ်း ဆင်ဆာ ပြုလုပ်ထား

alt

ဒေးဗစ်ဘက်ခမ်း အနေနှင့် အတန်ငယ် အမြင် ရိုင်းနေသော ၎င်း၏ Tattoo ကို ဆင်ဆာ လုပ်ထားကြောင်း အီတာလီယံ သတင်း များက ဆိုကြသည်။

ရီနေးဆန့်ခေတ် ပန်းချီလက်ရာ တခုကို Tattoo အသစ်အဖြစ် လက်မောင်းတွင် ထိုးထားရာ မူရင်းရုပ်ပုံမှ နတ်သမီး၏ ကိုယ် အင်္ဂါ အစိတ်အပိုင်းကို ခြံုလွှာလေးတခု ထည့်သွင်း ကာရံထားကြောင်း တွေ့ရှိရသည်။ အေစီမီလန်မှ ကြယ်ပွင့် ကစားသမားသည် (၁၅)ရာစု အီတလီ ပန်းချီပညာရှင် ဖရန်ဆက် စကို ဖရန်စီယာ၏ လက်ရာ ပန်းချီကားကို ပုံစံ ယူကာ လက်မောင်းတွင် Tattoo ထိုးထားခြင်း ဖြစ်သည်။

ဆိုင်ချီခေါ် နတ်သမီးသည် မူရင်း ပန်းချီတွင် လုံးဝ ကိုယ်လုံးတီး ဖြစ်နေသော်လည်း ဘက်ခမ်း ၏ Tattoo တွင် အတန်ငယ် ဖုံးကွယ်မှုကို ပြုလုပ်ထားခြင်း ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင် ညာတောင်ပံလူသည် Tattoo ထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပြီး ဇနီးသည် ဗစ်တိုးရီးယား ဘက်ခမ်း ကန့်ကွက် နေသည့်ကြားမှ ခန္ဓာ ကိုယ်ပေါ်တွင် Tattoo များ တခုပြီးတခု တိုး လာနေဆဲ ဖြစ်သည်။

ဘက်ခမ်း၏ Tattoo များကို တာဝန်ယူ ထိုးပေးနေသည့် Tattoo ပညာရှင် လူးဝစ်မော်လီက ဘက်ခမ်း သည် Tattoo ထိုးရမည်ဆိုလျှင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေတတ်ကြောင်း ပြောကြားလိုက်သည်။

ယခုအခါ ဘက်ခမ်းသည် အီတလီတွင် ဘောလုံး ကစားနေသော်လည်း ဇနီးသည်မှာ မတ်လ (၇)ရက်နေ့ အော်စကာ ဆုပေးပွဲ တက်ရောက်သည့် အတွက် အမေရိကန်တွင်သာ နေထိုင်လျှက် ရှိကြောင်း သတင်းရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here