ပါကစ္စတန်တွင် အယ်လ်ကိုင်းဒါး အကြမ်းဖက် ခေါင်းဆောင်တဦး ဖမ်းဆီးရမိ

alt

ပါကစ္စတန် လုံခြံုရေး တပ်ဖွဲ့များသည် အယ်လ် ကိုင်းဒါး အကြမ်းဖက် အဖွဲ့မှ ခေါင်းဆောင် တဦးအား ဖမ်းဆီး ရမိလိုက်ကြောင်း သိရှိရ သည်။

ဖမ်ဆီးမိသူမှာ အစပိုင်း သတင်းများအရ အဒမ်ဂဒမ်း ဆိုသော်လည်း အဘူယာဆက် အဇမ် သာ ဖြစ်သည်ဟု ဆိုသည်။ အီဂျစ်-အမေရိကန် ကပြားဖြစ်သည့် အယ်လ်ကိုင်းဒါး ခေါင်းဆောင်မှာ နာမည်ကျော် အိုစမာ ဘင်လာဒင်နှင့် ရင်းနှီး ဆက်နွယ်နေသည်ဟု ယူဆရသည့် ပုဂ္ဂိုလ်တဦးလည်း ဖြစ်သည်။

ယင်းသည် ပါကစ္စတန်ရှိ အယ်လ်ကိုင်းဒါး၏ အကြမ်းဖက် လှုပ်ရှားမှုများအား ကြိုးကိုင်နေသူ အဖြစ် စွပ်စွဲခံထား ရသည်။ မူလက ပြီးခဲ့သည့် သီတင်းပါတ်ကုန်တွင် ဖမ်းမိသူမှာ ကယ်လီဖိုးနီးယား၌ မွေးဖွားသူ အမေရိ ကန် ကပြား အယ်လ်ကိုင်းဒါး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အဒမ်ဂဒမ်းဟု နာမည် ထွက်လာသေးသည်။

ဂဒမ်း၏ ရုပ်ပုံကို အယ်လ်ကိုင်းဒါး အဖွဲ့မှ ပေးပို့သည့် ဗီဒီယိုများတွင် မကြာခဏ တွေ့မြင်ခဲ့ရပြီး ဖြစ် သည်။ ယခု အခါ အဘူယာဆက်အား အစ္စလာမ်မာဘတ် မြို့တော်သို့ ခေါ်ယူသွားပြီးဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်တော့မည်ဟု သိရသည်။ ၎င်းအား မတ်လ(၇)ရက်နေ့က ကရာချိ မြို့အနီး နေအိမ်တခုအား လုံခြံုရေး အထူးတပ်ဖွဲ့များက စီးနင်း ဝင်ရောက်ကာ ဖမ်းဆီးလာနိုင်ခဲ့ခြင်းဟု သတင်းများက ဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here