NATO တပ်ဖွဲ့ စစ်သင်္ဘောက ဆိုမာလီယာ ပင်လယ်ဓားပြ လှေတစင်းအား ပစ်ခတ်နှစ်မြှုပ်

alt

NATO စစ်မဟာမိတ် တပ်ဖွဲ့မှ စစ်သင်္ဘော တစင်းသည် ဆိုမာလီယာ ပင်လယ်ဓားပြ လှေတစင်းအား ပစ်ခတ် နှစ်မြှုပ်လိုက် ကြောင်း သိရှိရသည်။

ပင်လယ် ဓားပြများ မိခင်လှေအဖြစ် အသုံးပြု နေသည့် အဆိုပါ သင်္ဘောကို ဆိုမာလီကမ်းလွန်၊ အိန္ဒိယသမုဒ္ဒရာ အတွင်း မိမိတို့ နှစ်မြှုပ် လိုက်သည်ဟု ပင်လယ်ဓားပြ တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် အဆိုပါ ဒေသတွင် တာဝန် ထမ်းဆောင်နေသည့် ဒိန်းမတ် စစ်သင်္ဘော HDMS Absalon မှ တာဝန်ရှိသူ ရှိုနာလိုဝီ က ပြောကြားခဲ့သည်။

HDMS Absalon သည် အဆိုပါ ဒေသတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် NATO စစ်သင်္ဘော (၃)စင်း အနက်မှ (၁)စင်း ဖြစ်သည်။ ပင်လယ် ဓားပြများ၏ ပင်မလှေသည် မိမိတို့ သင်္ဘောမှ ပစ်ခတ်မှုကြောင့် မီးလောင် ကာ နစ်မြုပ်သွားပြီး ယင်းလှေမှ သင်္ဘောသားများအား လှေငယ်တစင်းတွင် ရွှေ့ပြောင်းကာ ကုန်းမြေသို့ ပြန်ခွင့် ပြုလိုက်ကြောင်း ရှိုနာက ဆက်လက် ပြောကြားခဲ့သည်။

မတ်လ (၇)ရက်နေ့က အဆိုပါလှေအား နှစ်မြှုပ်လိုက်သည့် အေဒင် ပင်လယ်ကွေ့သည် ပင်လယ်ဓားပြများ ကျက် စားမှု အများပြားဆုံး နေရာတခုလည်း ဖြစ်သည်။ NATO တပ်ဖွဲ့သည် ယင်းဒေသအတွင်း တာဝန် ထမ်းဆောင် နေသော်လည်း ပင်လယ်ဓားပြများကို ဖမ်းဆီးခွင့်မရှိဘဲ ၎င်းတို့ပိုင် လက်နက်နှင့် စက်လှေများကိုသာ ဖျက်ဆီး လိုက်ရပြီး ဓားပြများကို ပြန်လွှတ်ပေးရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here