ဂါဇာဒေသမှ လုပ်ကြံခံရမှု မင်္သကာသူ စာရင်း အင်တာပို ထုတ်ပြန်

alt

မတ်လ (၈)ရက်နေ့က နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို)သည် ဒူဘိုင်း တွင် ဂါဇာဒေသမှ စီးပွားရေး သမားတဦး လုပ်ကြံခံရမှု အတွက် မသင်္ကာဖွယ် လူ(၁၆)ဦး စာရင်း အား ထုတ်ပြန် လိုက်သည်။

မာမွတ်အယ်မက် ဟူသည် ဇန်နဝါရီလ (၁၉) ရက်နေ့က ဒူဘိုင်းရှိ ၎င်း၏ ဟိုတယ်ခန်း အ တွင်း အသတ်ခံ ထားရပြီး နောက်တရက်တွင် အလောင်းအား ရဲများက တွေ့ရှိခဲ့ခြင်း ဖြစ် သည်။

ဒူဘိုင်း ရဲတပ်ဖွဲ့၏ အကူအညီ တောင်းမှုဖြင့် ယခု ကိစ္စတွင် ပူးပေါင်း ဆောင်ရွက်ပေးနေသည့် အင်တာပိုက ထပ်မံ ကြေညာလိုက်သည့် မသင်္ကာသူ စာရင်းကြောင့် ယခုအခါ အဆိုပါ အမှုတွင် ပတ်သက်နေကြောင်း အမည် ဖော်ပြခြင်း ခံရသူ (၂၇)ဦး အထိ ရှိလာပြီ ဖြစ်သည်။

ဒူဘိုင်း အစိုးရကမူ ဂါဇာရှိ ဟားမတ် ပြောက်ကျားများ၏ ညာလက်ရုံး တဆူဖြစ်သော မာမွတ်အား သတ်ဖြတ်ခဲ့ ခြင်းမှာ အစ္စရေး ပြည်ပ ထောက်လှမ်းရေးဗြူရို မော့ဆက်၏ လက်ချက်ဟုသာ ယုံကြည်ထား ကြသည်။ မာမွတ်အား လုပ်ကြံသူများသည် ပတ်စပို့ အတုများကို အသုံးပြုကာ UAE သို့ ဝင်ရောက်ခဲ့ပြီး ဒူဘိုင်းတွင် ၎င်းတို့၏ ပစ်မှတ်ကို အပျောက် ရှင်းသွားခြင်း ဖြစ်ကြောင်း ဒူဘိုင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ထားနိုင်ပြီး ဖြစ်သည်။

အင်တာပိုက ဗြိတိန်၊ ဩစတြေးလျ၊ ဂျာမနီ၊ အိုင်ယာလန်နှင့် ပြင်သစ် ပတ်စပို့ အတုများကို ကိုင်ဆောင်ကာ ဒူဘိုင်း သို့ ဝင်ရောက်ခဲ့သူ (၁၆)ဦး၏ စာရင်းကို ထပ်မံ ထုတ်ပြန်ပေးခဲ့ ခြင်း ဖြစ်ပြီး ယခုအမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားဦးမည်ဟု ကတိပြု ပြောကြားခဲ့သည်။

ပတ်စပို့ အတုများ အသုံးပြု ခံရကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည့် နိုင်ငံများက ယင်း သတင်းများကြောင့် အကြီး အကျယ် အံ့ဩ ထိတ်လန့်ခဲ့ရပြီး အမှုအတွင်း အစ္စရေး ပါဝင်နေ ကြောင်း ဖော်ထုတ် နိုင်ခဲ့ပါက နိုင်ငံချင်း ဆက်ဆံ ရေး အလွန်ဆိုးရွား သွားနိုင်ကြောင်း သတိပေး ပြောဆိုထားသည် ဟုလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here