ရာအူး ဂွန်ဇာလက် ပရီးမီးယား လိဂ်သို့ ပြောင်းရွှေ့သင့်ကြောင်း ဒေဗာဆူကာ အကြုံပြု

alt

ရာအူးဂွန်ဇာလက် အနေနှင့် ရီးရဲလ် မက်ဒရစ်ကို စွန့်ခွာကာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့သင့်ကြောင်း ဒေဗာဆူကာက အကြံပြု ပြောကြားလိုက်သည်။

ရီးရဲလ် ကြယ်ပွင့်ဟောင်း ဆူကာက ရာအူးအား ယခုလို တိုက်တွန်းခဲ့သည့် အပြင် ရီးရဲလ် အာဏာပိုင်များ အနေနှင့် ဂျီးဆက်နာဗက်ကို စာချုပ် သင့်ကြောင်းလည်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။

အာဆင်ယန်နှင့် ဆီဗီးလားတို့တွင်လည်း ကစားခဲ့ဖူးသည့် (၁၉၉၈)ခုနှစ်၊ ကမ္ဘာ့ဖလား ကြယ်ပွင့် ကစား သမားက ရီးရဲလ် မက်ဒရစ်သည် ယခင်က ဆီဗီးလား ကစားသမား အချို့ကို ခေါ်ယူခဲ့ဖူးပြီး ဖြစ်ကြောင်း၊ စပိန် လက်ရွေးစင် နာဗက် သည်လည်း ရီးရဲလ်နှင့် ထိုက်တန်သူ ဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ထို့အပြင် ရီးရဲလ် ကပ္ပတိန်ဟောင်း ရာအူး အနေနှင့်လည်း အရံခုံတွင် ထိုင်နေခြင်းကို စွန့်လွှတ်ကာ ပရီးမီး ယား လိဂ်သို့ စွန့်စားထွက်ခွာကာ ဘောလုံး ကစားသင့်ကြောင်း ဆူကာက အကြံပြုခဲ့သည်။

ခရိုအေးရှား လက်ရွေးစင်ဟောင်း ဆူကာသည် ခရိုအေးရှား အသင်း (၁၉၉၈)ခုနှစ်က ကမ္ဘာ့ဖလား ပြိုင်ပွဲ တွင် ပထမဆုံး ပါဝင် ယှဉ်ပြိုင်ခွင့် ရစဉ်က အထူး ခြေစွမ်းပြပြီး အသင်းကို တတိယနေရာ ရရှိအောင် စွမ်း ဆောင် ပေးနိုင်ခဲ့သည်။ ထိုစဉ်က ဆူကာသည် ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here