အိမ်အကူ စက်ရုပ်သစ် ဂျပန်တီထွင်

alt

အနာဂတ် ကာလတွင် အိမ်အကူ စက်ရုပ်များ တွင်ကျယ်စွာ အသုံးချ လာနိုင်ရေး မျှော်လင့်ချက်ကို ဖော် ဆောင်နိုင်ရန် ပိုမိုနီးစပ် လာစေမည့် ခြေလှမ်းသစ် တခုအား

ဂျပန်နိုင်ငံက ဖော်ဆောင်လိုက်ပြီ ဖြစ်သည်။

တိုကျို တက္ကသိုလ်၊ JSK စက်ရုပ် သုတေသန ဌာနမှ ပညာရှင်များက ကိုဂျီရို အမည်ရှိ လူတူ စက်ရုပ်တမျိုး ကို တီထွင်လိုက်ရာ ယခင်လူတူ စပ်ရုပ်များထက် လုပ်ဆောင်နိုင်စွမ်း ပိုမိုမြင့်မားသည်ဟု ဆိုသည်။ လမ်း လျှောက်နိုင်ပြီး လူတဦး၏ အရိုးအိမ် ဖွဲ့စည်းပုံ အတိုင်း ပုံစံယူ ဆောက်လုပ်ထားသည့် ကိုဂျီရိုသည် ပါမောက္ခ နာကာနီရှီ ဦးဆောင်သော ပညာရှင်အဖွဲ့၏ ဖန်တီးမှု လက်ရာအဖြစ် ပေါက်ဖွားလာခြင်း ဖြစ် သည်။

လောလောဆယ်တွင် လေးလံသော ခန္ဓာကိုယ်ကြောင့် လူသားများ ထိခိုက်နိုင်သလို ကျွမ်းကျင်မှု နည်းလမ်း အတော်များများကို မတတ်မြောက် သေးကြောင်း နာကာနီရှီက ဆိုသည်။ သို့သော်လည်း နံနက်ပိုင်း ဇိမ်ယူ နေချိန်တွင် အိပ်ရာထဲ နံနက်စာ လာပို့မည့် အိမ်အကူ စက်ရုပ်မျိုး ဆောက်လုပ် လာနိုင်ရေး မျှော်မှန်းချက် တွင် ကိုဂျီရိုက အလွန်အခြေခံ ကျကြောင်းလည်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။

ကိုဂျီရိုသည် ယခင် စက်ရုပ်များထက် ပေါ့ပါးပြီး ခိုင်းစေမှုကို နာခံနိုင်သည်။ ယခင်လူတူ စက်ရုပ်များသည် ရင်ဘတ် နေရာတွင် အဓိက စွမ်းအင်ရင်းမြစ်ကို ထားရှိပြီး လှုပ်ရှားမည့် အဆစ် အဆက်များတွင် ကြီးမား လေးလံသည့် မော်တာများကို ထည့်ထားလေ့ ရှိသည်။ သို့သော်လည်း ကိုဂျီရိုတွင် ပေါ့ပါးသော မော်တာ များကို အသုံးပြုကာ ခြေလက်များကို ကေဘယ်ကြိုး များဖြင့် ထိန်းချုပ် လှုပ်ရှားနိုင်အောင် တီထွင်ထား သည်။

ထို့အပြင် လူ၏ကြွက်သား တည်ဆောက်ပုံ အတိုင်း တီထွင်ထားသည့် ကိုဂျီရို၏ ခန္ဓာကိုယ်မှ အဆစ်များသည် (၆၀) ဒီဂရီ အထိ လှည့်နိုင်သည်။ နာကာနီရှီနှင့် အဖွဲ့သည် ယခုအခါ ကိုဂျီရိ လှုပ်ရှားမှုများ ပိုမိုမြန်ဆန်ရန်နှင့် လုပ်ဆောင်မှုများ ပိုမို တတ်မြောက်စေရန် ကွန်ပျူတာ Software များ အသုံးပြုကာ နည်းလမ်းရှာ တီထွင်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here