ဝိုင်တခွက် နေ့စဉ် သောက်ခြင်းဖြင့် အဝ လွန်မှုကို တားဆီးနိုင်

alt

နေ့စဉ် ဝိုင်တခွက်မျှ ပုံမှန်သောက် ခြင်းသည် အဝလွန်မှုကို တားဆီး နိုင်မည့် နည်းလမ်းတခု အဖြစ် ပညာရှင်များက ထောက်ခံပြော ကြားခဲ့ ကြသည်။

အမျိုးသမီးများ အနေနှင့် နေ့စဉ်ပုံမှန် ဝိုင် တခွက်မျှ ဆေးဖြစ်ဝါးဖြစ် မှီဝဲခြင်းကြောင့် ဝိုင်တွင်ပါသော ဓာတ်ဆားများက ကိုယ် အလေးချိန် လျော့နည်းစေသည့် ကောင်းကြိုးကို ရရှိလိမ့်မည်ဟု သုတေသီများက ဆိုသည်။ အထူးသဖြင့် ဝိုင်နီသည် အမျိုးသမီးများ ကိုယ် အလေးချိန် ကျဆင်းစေရန် ပိုမို အထောက် အကူ ပြုနိုင်ကြောင်း သိရှိရသည်။

အမေရိကန်မှ အမျိုးသမီး (၂၀၀၀၀၀) နီးပါး ကို လေ့လာမှု စစ်တမ်းများအရ ဝိုင်တွင် ပါဝင ်သော အယ်လ်ကိုဟော ပမာဏသည် အမျိုးမျိုးသော အစားအသောက်များမှ ရရှိသည့် ကယ်လိုရီကို ရာခိုင်နှုန်း အတော်များများ ချေဖျက် ပေးနိုင်ကြောင်း သိရှိရသည်။

ဘရစ်ဟမ်နှင့် ဘော်စတွန် တို့မှ အသက် (၃၉)နှစ်အောက် အမျိုးသမီး (၁၉၂၀၀)ကို လေ့လာမှုများ ပြုလုပ်ပြီး နောက် (၁၃)နှစ်ကြာ ဝိုင်ကိုစွဲစွဲမြဲမြဲ သောက်လာသူ အမျိုးသမီး များသည် အခြား အမျိုးသမီး များလောက် ကိုယ် အလေးချိန် မတက်သည်ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

သင့်တင့် မျှတသော ပမာဏမျှ အယ်လ်ကိုဟော ဖြည့်တင်း ပေးခြင်းသည် အစာများကို အဆီအဖြစ် မပြောင်းလဲ စေဘဲ အပူအဖြစ်ပြောင်းလဲ ကြေပျက်သွားစေရန် ရာခိုင်နှုန်း ပိုများကြောင်း သိရှိရသည်။ သို့သော်လည်း ဆရာဝန် များက အမျိုးသမီးများ အရက် အလွန်အကျွံ သောက်ခြင်းမျိုးကိုမူ မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပြီး အယ်လ် ကိုဟောသည် ရင်သားကင်ဆာ ဖြစ်ပွားစေသည့် အဓိက အကျဆုံး အကြောင်းရင်း တခုဖြစ်ကြောင်း ထောက်ပြခဲ့ကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here