၈၂ကြိမ်မြောက် အော်စကာဆု​ နှင့် ဂျိမ်း​ ကင်မရွန်း ငိုတဲ့ည

alt

အရှိန်အဝါ ကြီးမားသော ၈၂ကြိမ် မြောက် အော်စကာ ဆုနှင်းသဘင်​ ပွဲအား ဟောလီးဝုဒ်ရှိ ကိုဒတ်​ခမ်းမ​တွင် မတ်ချ်လ ရရက်နေ့ အမေရိ ကား အနောက်ဖက်ခြမ်း

စံတော်ချိန် ညနေ​ ၅နာရီတွင် စတင်​ကျင်းပပြီး ၂၀၀၉ခုနှစ် အတွက် အော်စကာ ဆု ၂ဒါဇင် ပေးအပ် ချီးမြှင့်ကာ ည၉​ နာရီကျော်တွင် အခမ်းအနား ပြီးသွားခဲ့ပြီ ဖြစ်သည်။

ယခုနှစ်သည် ပရိသတ်များ ထင်သမျှ လွဲချော် ကာ ရုပ်ရှင်သမိုင်းတွင် ထိပ်တန်းမှ ဝင်ငွေရ၍ စံချိန်​ချိုးနေ​သော The Avatar ဇါတ်ကား မှာ ဇကာတင် စာရင်းတွင် ထင်ထားသည့် အတိုင်း မဖြစ်လာပဲ ဆု၃ဆုနှင့်​ သာ ကြေနပ် လိုက်ရသည်။ အလားတူ အော်စကာဆု စာရင်း တင်သွင်း ခံရသူများ၌ ပါဝင်၍ ပြည်ပရောက် မြန်မာများကြား ရေပန်းစားခဲ့သော ၂၀၀၇ သံဃာ့ အရေးတော်ပုံ အကြောင်း မှတ်တမ်း ရုပ်ရှင် ဇာတ်ကား Burma V.J ဇါတ်ကားမှာ လည်း ၎င်းအား ကျော်ဖြတ်၍ ဂျပန်နိုင်ငံ အခြေပြု ဝေလ်ငါး တိရိစ္ဆာန် ဖမ်းဆီးညှင်းပမ်းမှုများ မှတ်တမ်းတင် The Cove ဇါတ်ကားက ဆုရယူသွားခဲ့ပြီ ဖြစ်သည်။

အီရတ် စစ်မြေပြင်ရောက် အမေရိကန် မိုင်းစစ်သားများ အကြောင်း ရိုက်ကူးသော The Hurt Locker မှာ နာမည်ကြီး သုံးဖက်မြင်ရုပ်ရှင် The Avatar ဇါတ်ကားအား ကျော်ဖြတ် အလဲထိုး၍ အကြီးအကျယ် အောင်ပွဲခံကာ အော်စကာဆု ၆ဆု ရယူနိုင်ခဲ့သည်။ ထိုဇါတ်ကားမှာ အော်စကာဆု သမိုင်းအား ရိုက်ချိုး၍ ပထမဆုံး အမျိုးသမီး ဒါရိုက်တာ ဆုကို ကက်သရင်း ဘစ်ဂ်လိုးမှ ရယူသွားခဲ့သည်။

The Hurt Locker ဇါတ်ကား ရိုက်ကူးသော ပထမဆုံး အော်စကာဆုရှင် အမျိုးသမီး ဒါရိုက်တာ ကက်သ​ရင်း ဘစ်ဂ်လိုးမှာ The Avatar ဇါတ်ကား ဒါရိုက်တာ ဂျိမ်း ကင်မရွန်း၏ ယခင်က ဇနီးမယား ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ ဇါတ်ကားဆု၊ ဒါရိုက်တာဆု အပါအဝင် The Hurt Locker မှာ ဆု၆ဆု ရရှိခဲ့သည်။​

မင်းသားဆုအား Crazy Heart ဇါတ်ကားမှ ဂျက်ဖ် ဘရစ်ဂျ်၊ မင်းသမီးဆုအား The Blind Side ဇါတ်ကားမှ ဆန်ဒရာဘူးလော့ခ်၊ ကာတွန်းကားတွင် Up ဇါတ်ကား၊ မှတ်တမ်းရုပ်ရှင်အား The Cove ၊ နိုင်ငံခြား ရုပ်ရှင် ဇါတ်ကားဆုအား အာဂျင်တီးနား နိုင်ငံမှ The Secret in Their Eyes (El Secreto de Sus Ojos) ၊ မိတ်ကပ်အား ကမ္ဘာကျော် Star Trek ရုပ်ရှင်၊ မြူးဇစ်အား Crazy Heart ဇါတ်ကားမှ “The Weary Kind (Theme from Crazy Heart)” သီချင်းတို့ အသီးသီး ရရှိသွားခဲ့သည်။

ယခု အော်စကာ ဆုနှင်သဘင်အား တိုက်ရိုက် ကြည့်ရှုနေသော အမေရိကန်နိုင်ငံမှ မြန်မာ ဘလော့ဂ်ဂါ တဦးမှ လိုက်ဖ်ရှိုးပွဲ ကြည့်အပြီး ဒီညတော့ ဟောလီးဝုဒ်မှာ ဒါရိုက်တာ “ဂျိမ်းကင်မရွန်း ငိုတဲ့ည” ဟု လူထုအသံ အွန်လိုင်း ဂျာနယ် သို့ သုံးသပ်ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here