လှိုင်လုံး ရိုက်ခတ်မှုကြောင့် ဇိမ်ခံ သင်္ဘောပေါ်မှ ခရီးသည် သေဆုံး

alt

မြေထဲ ပင်လယ်အတွင်း ခုတ်မောင်း​ နေသော ဇိမ်ခံ ခရီးသည်တင် သင်္ဘော  တစင်းအား ဧရာမ လှိုင်းလုံး ကြီး​များက ရိုက်ခတ်ခဲ့ရာ လူ(၂)ဦး သေဆုံး​သွား ကြောင်း သိရှိရသည်။

မတ်လ (၃)ရက်နေ့က စပိန် ကမ်းလွန်တွင် ခုတ် မောင်း​နေသော Louis Cruise Lines ပိုင် သင်္ဘော​ကြီး​ အား အမြင့်(၃၃)ပေ ကျော်ရှိသော လှိုင်းလုံးကြီးများ ဝင်ရောက်​ ရိုက်​ခတ်ခဲ့ရာ မှန်ကွဲစ များ လွင့်စင်​ထိမှန်​ ခံ​ရ​သဖြင့် လူ(၂)ဦး သေဆုံး သွားခြင်း​ ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုခဲ့ သည်။

သေဆုံးသူများမှာ ဂျာမန်​ လူမျိုးတဦးနှင့် အီတလီ​ လူမျိုးတဦးတို့ ဖြစ်ကြကြောင်းလည်း သိရှိရသည်။ သင်္ဘော​ ကုမ္ပဏီ တာဝန်ရှိသူများက အခြား(၁၄)ဦးလည်း အသေးစား ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြောဆို​ သွားသည်။ ယင်း​ သင်္ဘောသည် ခရီးသည် (၁၃၅၀)ဦးနှင့် အမှုထမ်း (၅၈၀)ကို တင်ဆောင် ခုတ်မောင်း​ လာစဉ် လှိုင်းလုံးကြီး (၃)ခု၏ ဆင့်ကဲ ရိုက်ခတ်မှုကို အလူးအလဲ ခံခဲ့ရခြင်း ဖြစ်သည်။

မြေထဲပင်လယ်တွင် ကြီးမားသော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုး မဟုတ်​သော်​ လည်း ယခု အရွယ်ပမာဏ အထိ မြင့်တက်သည့် လှိုင်းများမှာမူ တနှစ်လုံးနေမှ တကြိမ်၊ နှစ်ကြိမ်ခန့်သာ ဖြစ်​ပေါ်​ လေ့ရှိကြောင်း စပိန် အစိုးရ၏ သမုဒ္ဒရာ လေ့လာရေး ကျွမ်းကျင်ပညာရှင် များက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here