ရေကို လျှပ်စစ်စွမ်းအင် ပြောင်းလဲနိုင်မည့် ဆဲလ်ဖုန်း ဘက်ထရီ အားသွင်းစက်

alt

စမ်းသပ် တီထွင်နေသည့် ဆဲလ်ဖုန်း​ Chrger တမျိုးသည် ရေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲ​ ပေးနိုင်မည် ဖြစ်ကြောင်း​ သိရှိ​ရ​ သည်။

AC လျှပ်စစ်စီးကြောင်း ထုတ်ပေးနိုင်မည့် H3 ခေါ် Charger သည် လျှပ်စစ်ဓာတ်အား ချိတ်​ ဆက်မှု မရှိ​သည့် နေရာများနှင့် ခရီးသွား​နေ​ ချိန် များတွင် ဆဲလ်ဖုန်းအား ပြန်လည် အား​ ဖြည့်ရန် အထူး​အသုံးဝင်မည်​ ဖြစ်သည်။ ဆွီဒင်​ နိုင်ငံ၊ စတော့ဟုမ်း အခြေစိုက် myFC ကုမ္ပဏီက တီထွင်နေသော H3 အား အပြီးသတ် လေ့လာ စမ်းသပ်မှု​ များ ပြုလုပ်လျက်​ ရှိသည်​။​

ယခုနှစ်၊ ဒီဇင်ဘာလတွင် စကန်ဒီနေးဗီးယန်း နိုင်ငံများအတွင်း စတင် ရောင်းချသွားရန် မျှော်လင့်လျက်​ ရှိသည်။ ထို့အပြင် (၂၀၁၁)ခုနှစ်၌ အမေရိကန် ဈေးကွက်သို့ ဖြန့်ဖြူးသွားမည်ဟု ဆိုသည်။ ဆန်းဒွစ်မုန့် တခုစာ အရွယ်မျှ​ သာရှိသည့် Charger ၏ တန်ဖိုးမှာ ဒေါ်လာ(၄၀)နှင့် (၅၀)အတွင်း ကျသင့်ဖွယ်​ ရှိပြီး ပရိုတွန်​ ပြောင်းလဲသည့် အလွှာပါး​ (PEM)ကို အသုံးပြုပြီး ရေမှ ဟိုက်ဒရိုဂျင် သိုလှောင်သည့် အပိုင်းအား လေထဲမှာ အောက်စီဂျင်ဖြင့် ဆန့်ကျင်ဖက် ဓာတ်ပြုပေါင်းစပ်ကာ လျှပ်စစ်​စွမ်းအင် ထုတ်ပေးမည် ဖြစ်သည်။

ယခင်က အဆိုပါ နည်းပညာကို စမ်းသပ်ခဲ့ဖူးသော်လည်း အရွယ်အစား ကြီးမားပြီး သယ်ယူရန် မလွယ်ကူ​သော​ ကြောင့် မတွင်ကျယ်ခဲ့ပေ။ သို့သော်လည်း H3 မှာမူ အရွယ်အစား ငယ်ရွယ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း ကောင်းမွန်နိုင်သဖြင့် အနာဂတ် ကာလ ဆဲလ်ဖုန်း​ Charger လောကတွင် လွှမ်းမိုး လာနိုင်ဖွယ် ရှိနေ​ ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here