ကာကွယ်ရေး ကဏ္ဍအတွက် အသုံးစရိတ် တရုတ် ထပ်မံတိုးမြှင့်

alt

တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍ​ အတွက် ယခုနှစ်​အတွင်း အသုံး​ စရိတ်​ကို ထပ်မံ​ တိုးမြှင့် သွားမည်ဟု အတည်ပြု ကြေညာ​ ခဲ့သည်။

ဘေဂျင်းမြို့တော် အခြေစိုက် အစိုးရက အမျိုးသား ကာကွယ်ရေး ကဏ္ဍကို (၇.၅) ရာခိုင်နှုန်း မြှင့်တင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ (၇၆.၃)ဘီလျံနှင့် ညီမျှသည့် တရုတ်​ သုံး ယွမ်ငွေ(၅၁၉.၀၈၂) ဘီလျံထိ ရှိလာ စေမည်ဟု မတ်လ (၅)ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွင်း တရုတ်၏ ကာကွယ်​ ရေး အသုံးစရိတ်မှာ ယွမ်ငွေ(၃၆) ဘီလျံအထိ မြင့်တက်လာ ခြင်း ဖြစ်သည်။ ပိုမိုကျခံမည့် အသုံးစရိတ် အများစုမှာ ခေတ်မီလက်နက်များ တပ်ဆင်ရန်​ အတွက် ဖြစ်ကြောင်း အမျိုးသား ပြည်သူ့လွှတ်တော်က ကြေညာသွားသည်။ ထို့အပြင် တပ်မတော် အရာရှိနှင့် စစ်သည် များ၏ လူနေမှုဘဝ တိုးတက်ရေး အပါအဝင် ဖွံ့ဖြိုးမှု​ လုပ်ငန်းများ၊ စစ်​ အသုံးအဆောင် ပစ္စည်းများဖြည့် တင်းပေးခြင်းနှင့် အခြားသော အခွင့်အရေးများ အတွက်ပါ ထောက်ပံ့ပေး​ သွားမည်ဟု ဆိုသည်။

ယခု အသုံးစရိတ်တွင် စစ်တပ်အနေနှင့် အရေးပေါ် အခြေအနေ ဖြစ်စေ၊ သဘာဝ​ ဘေးအန္တရာယ် ကျရောက်​ သည့်​ အခါတွင်ဖြစ်စေ ကယ်ဆယ်ရေး​ လုပ်ငန်းများ ကူညီဆောင် ရွက်ရာတွင် ပိုမိုမြန်ဆန် ထိရောက်စေမည့် အထောက်​ အပံ့၊ အသုံးအဆောင်များ ဝယ်ယူရန်လည်း ထည့်သွင်း​ သတ်မှတ်ထားကြောင်း သတင်း​ ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here