ဘောလ်တစ် ပင်လယ်အတွင်း ရေများ ခဲလာမှုကြောင့် သင်္ဘောများ မခုတ်မောင်းနိုင်

alt

ဆွီဒင်နိုင်ငံ ရေကြောင်း သွားလာရေး စီမံခန့်ခွဲမှု ဌာနက ဘောလ်တစ် ပင်လယ်အတွင်း ရေများ ခဲလာခြင်းကြောင့် သင်္ဘော အစင်း(၅၀)မျှ မသွားလာနိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း ကြေညာခဲ့ သည်။

မတ်လ (၄) ရက်နေ့က ဆွီဒင်၏ အရှေ့ဖက် ကမ်းလွန် ပင်လယ်အတွင်း ရေခဲများ ထူထူထပ်ထပ် သိပ်သည်းစွာ ပိတ်ဆို့ နေခြင်းကြောင့် ကြီးမား လှသည့် ခရီးသည်တင် သင်္ဘောကြီး (၆)စင်း အပါအဝင် ရေယာဉ်များစွာ မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသလို ထို​သ​င်္ဘောပေါ်ရှိ ခရီးသည်ပေါင်း (၂၀၀၀) မျှ သောင်တင်နေခဲ့ကြောင်း သိရှိ ရသည်။

သို့သော်လည်း ခရီးသည်တင် သင်္ဘောကြီး နှစ်စင်းမှာ ရေခဲများ ပိတ်မိနေရာမှ လွတ်မြောက် သွားကြောင်း ရေကြောင်း စီမံဌာန က ဆိုသည်။ ကျန်လေးစင်းနှင့် အခြားသော ရေယာဉ်များမှာမူ ပိတ်မိနေဆဲ ဖြစ်သည်။ ရေယာဉ်များ မလှုပ်ရှား နိုင်သဖြင့် ခရီးစဉ် နှောင့်နှေးမှုများ ဖြစ်ပေါ်နေသော်လည်း ရေယာဉ်နစ် မြုပ်မှု၊ ထိခိုက် ဒဏ်ရာရမှုများ မရှိကြောင်းလည်း ရေကြောင်းစီမံ ဌာနက ကြေညာထားသည်။

ဆွီဒင် အစိုးရက ရေခဲများကြား ပိတ်မိနေသည့် သင်္ဘောများမှ ခရီးသည်များကို အလျင်စလို ရွှေ့ပြောင်းပေးရန် စီစဉ် ထားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သော်လည်း ရေပေါ် လျှပ်ပြေး စစ်သုံးရေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသင့် အနေအထား တပ်လှန့်ပေးထားသည်။ ဆွီဒင်နိုင်ငံသည် ယခုနှစ်တွင် ပြင်းထန် အေးခဲသော ဆောင်းရာသီနှင့် ကြံုတွေ့ ခဲ့ရပြီး နိုင်ငံ၏ ပျမ်းမျှ အပူချိန်သည် ဒီဇင်ဘာလ ကတည်းက ရေခဲမှတ်အောက်တွင် ရပ်တည်နေခဲ့ကြောင်း သတင်းရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here