အိန္ဒိယမြောက်ပိုင်း ဟိန္ဒူ ဘုရားကျောင်းတွင် လူတိုးဝှေ့မှုကြောင့် ၆၃ဦး သေဆုံးပြန်

alt

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တခုတွင် ဖြစ်ပွားခဲ့သည့် လူအများ ဝရုန်းသုန်းကား တိုးဝှေ့မှုကြောင့် သေဆုံးမှုများ အပေါ် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်လျှက် ရှိနေသည်။

ဥတာပရာဒက်ရှိ ဘုရားကျောင်း တခုတွင် ဆင်းရဲသား လယ်သမားများသည် အလှူအတန်း ပြုလုပ်သူများထံ အတင်းတိုးဝှေ့ရာမှ နင်းမိ ပိမိမှုများကြောင့် လူပေါင်း(၆၃)ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က သေဆုံးသူ အများစုသည် ကလေးနှင့် အမျိုးသမီးများ ဖြစ်ကြကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

ယခုနှစ်များ အတွင်း ယင်းကဲ့သို့ အိန္ဒိယရှိ ဘုရားကျောင်းများတွင် လူအများ စုပြုံပြွတ်သိပ် တိုးဝှေ့မှု ကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ကွန်ဒါ အစ်ကဘယ်ဆင်းက မတ်လ (၄)ရက်နေ့၊ ခြောက်ခြားဖွယ် ဖြစ်ရပ်အတွက် မိမိတို့ စုံစမ်းမှုများ ပြုလုပ် နေကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကွန်ဒါမြို့အနီးရှိ ထင်ရှားသော ရမ်ဂျာနာကီ ဘုရားကျောင်းသည် ဂျက်ဂုရုကရီပါလူ ဂျီမဟာရာဂျာ အမည် ရှိ ဘာသာရေး ခေါင်းဆောင် တဦးက ပိုင်ဆိုင်ပြီး ယင်း၏ဇနီး ကွယ်လွန်မှု အတွက် အလှူအတန်း ပြုလုပ်နေစဉ် ယခုလို ဖြစ်ပွားရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဘုရားကျောင်း အတွင်း ဖြစ်ပွားခဲ့သည့် လူသေမှုများအပေါ် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေသော်လည်း အဓိကရုဏ်း ဖြစ်ပွားမှုအတွက် ဖန်တီးသူဟု ယူဆရသော တဦးတယောက်ကိုမျှ ဖမ်းဆီး မှု မရှိသေးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here