ဗန်ပါစီနှင့် ဖိလစ်ပီမယ်လို အား အလဲအထပ် ပြုလုပ်ရန် ဂျူဗင်းတပ် ကြိုးပမ်း

alt

ဂျူဗင်းတပ် အသင်းက မိမိတို့သည် အာဆင်နယ် အသင်းမှ တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီအား ကွင်းလယ်လူ ဖိလစ်ပီ မယ်လိုနှင့် အလဲအထပ် ပြုလုပ်ရန် ကြိုးပမ်း နေကြောင်း

ပြောကြားလိုက်သည်။

ဘရာဇီး လက်ရွေးစင် မယ်လိုသည် ဖီအိုရင် တီးနားမှ ပြောင်းရွှေ့ လာပြီးနောက် ဂျူဗင်းတပ်တွင် ပုံမှန် ခြေစွမ်း ပျောက်ဆုံး နေသူ ဖြစ်သည်။ သို့သော်လည်း အာဆင်နယ် နည်းပြကြီး အာဆင်ဝင်ဂါက မယ်လို အား ခေါ်ယူလိုကြောင်း ပြောဆိုထားပြီး အီမန်နျူ ရယ် အီဘိုယေးကို အလိုက်ပေးပြီး စုစုပေါင်း ပေါင်စတာလင် (၁၈)သန်း ဝန်းကျင် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ဂျူဗင်းတပ် ကမူ အသက် (၂၆)နှစ် အရွယ် ကွင်းလယ်လူ အတွက် ဟော်လန် တိုက်စစ်မှူး ကိုသာ အလိုရှိကြောင်း အကြောင်းပြန် ထားသည်။ ဗန်ပါစီသည် အာဆင်နယ် အတွက် အားအကိုးရဆုံး တိုက်စစ်မှူး တဦး ဖြစ်နေသောကြောင့် ဂျူဗင်းတပ်၏ တောင်းဆိုမှုကို ဝင်ဂါ အနေနှင့် လိုက်လျောဖွယ် မရှိကြောင်း သတင်းများက ဆိုသည်။

ဂျူဗင်တပ်သည် စပို့တင်း လစ်စဘွန်းမှ ပေါ်တူဂီ ကွင်းလယ်လူ မီဂွယ်ဗီလိုဆို အားလည်း စိတ်ဝင်စားလျက် ရှိသည်။ အသက်(၂၃)နှစ်ရှိ ဗီလိုဆိုအား မန်ချက်စတာ ယူနိုက်တက် ကလည်း စပို့တင်း ကစားသမားဟောင်း ဖြစ်ပြီး အသင်း၏ လက်ရှိတောင်ပံ တိုက်စစ်မှူး လူးဝစ်နာနီ၏ တိုက်တွန်းမှုကြောင့် ခေါ်ယူရန် စောင့်ကြည့်နေသည်။

ထို့အပြင် ပေါ်တူဂီ၏ အလားအလာ အကောင်းဆုံး ကြယ်ပွင့်အဖြစ် သတ်မှတ် ခံထားရသည့် ကွင်းလယ် ဖန်တီးရှင် အား ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်ချက်စတာ စီးတီး တို့ကပါ စိတ်ဝင်စားလျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here