ဂျိုလီနှင့် ချစ်ခန်းကြိုက်ခန်း မရိုက်ရန် ဂျွန်နီဒိ(ပ်)အား တားမြစ်ထား

alt

မိမိ၏ချစ်သူ ဂျွန်နီဒိ(ပ်) အား အိန်ဂျယ်လီနာ ဂျိုလီနှင့် ချစ်ခန်း ကြိုက်ခန်းများ မရိုက်ရန် တားမြစ် ထားကြောင်း ဗင်နစ်ဆာ ပရာဒစ် က ပြောကြားလိုက်သည်။

သူမအနေနှင့် နာမည်ကျော် မင်းသမီးများ ဖြစ်သည့် လော်ရာဒန်း၊ ဂျင်နီဖာ အင်နစ္စတန် တို့ကဲ့သို့ အမှားမျိုးကို မကြံုချင်ကြောင်း ဗင်နစ်ဆာ က ဆိုသည်။

ထိုမင်းသမီး နှစ်ဦးလုံးသည် သူမတို့၏ ချစ်သူ ခင်ပွန်းများ ဂျိုလီနှင့် အချစ် ဇာတ်လမ်းများ ရိုက်ကူးပြီးချိန်တွင် လက်လွှတ် လိုက်ရသည်။

Pirates of Caribbean စတား ဒိ(ပ်)၏ ချစ်သူက Tourist ဇာတ်ကားတွင် ဒိ(ပ်)နှင့် ဂျိုလီ တွဲဖက် သရုပ်ဆောင် နေသော်လည်း အချစ်ခန်း ကြမ်းကြမ်းများ လုံးဝ ရိုက်ခွင့် မပြုကြောင်း တားမြစ်ထားပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တဦး အဖြစ်လည်း တာဝန်ယူထားသည့် ဂျိုလီ သည် ထို ဇာတ်ကားတွင် ကမ္ဘာလှည့် ခရီးသည်တဦးအား မြှူဆွယ် ဖြားယောင်းသည် ထောက်လှမ်းရေး အေးဂျင့်တဦး အဖြစ် သရုပ်ဆောင်ထားသည်။

ဂျိုလီသည် ယခုအခါ ဟောလီးဝုဒ် နာမည်ကျော် မင်းသား ဘရက်ပစ်နှင့် ချစ်သူ ဖြစ်နေပြီး ပစ်သည် Mr. and Mrs. Smith ဇာတ်ကားကို သူမနှင့်အတူ တွဲဖက် သရုပ်ဆောင်ပြီးနောက် ဇနီးသည် အင်နစ္စတန်ကို ကွာရှင်းကာ သူမနှင့် အတူနေခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here