အမျိုးသမီး ဆံပင်အလှ ပြုပြင်ဆိုင်တွင် အမျိုးသားများ အလုပ် လုပ်ခွင့် ဟားမတ်တို့ ပိတ်ပင်

alt

ဂါဇာ ကမ်းမြှောင်ဒေသရှိ ဟားမတ် စစ်သွေးကြွ များက အမျိုးသမီး ဆံပင်အလှ ပြုပြင်ဆိုင် များတွင် အမျိုးသားများ အလုပ် လုပ်ခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

မွတ်ဆလင် အယူသီး စစ်သွေးကြွများက ယင်း သို့သော အလှပြင် ဆိုင်များတွင် အမျိုးသား များ ရှိနေခြင်းသည် ဘာသာရေး အရ လက်သင့် မခံနိုင်စရာ ဖြစ်ကြောင်း မတ်လ (၄)ရက် နေ့က ကြေညာခဲ့သည်။ ဟားမတ် တို့သည် ဂါဇာဒေသရှိ လူဦးရေ (၁.၅)သန်းကို တင်းကြပ်လှသည့် မွတ်ဆလင် စည်းကမ်းများဖြင့် ချုပ်ကိုင်ရန် ကြိုးစားနေသူများ ဖြစ်သည်။

မွတ်ဆလင် ဘာသာရေး ထုံးတမ်းစဉ်လာ အရ အမျိုးသမီး တဦးသည် မိမိ၏ ဆံပင်ကို ဆွေမျိုးတော်စပ်သည့် အမျိုးသား များနှင့် ခင်ပွန်းသည်၊ လင်မှလွဲ၍ အခြားသော အမျိုးသား များအား ပြသခွင့် မရှိပေ။

ဟားမတ်တို့သည် (၂၀၀၇)ခုနှစ် ကတည်းက ဂါဇာကို ထိန်းချုပ်ပြီးနောက် ပြင်းထန် ကြပ်တည်းသော စည်းမျဉ်း များ ကန့်သတ် ပြဋ္ဌာန်းလာခြင်း ဖြစ်သည်။ ယခုအခါ အမျိုးသမီး အလှပြုပြင် ဆိုင်များတွင် မည်သည့် အမျိုးသား ဆံပင် ညှပ်သမားကိုမျှ ဟားမတ်တို့က အလုပ် လုပ်ခွင့် မ ပေးတော့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here