ကမ္ဘာပေါ်တွင် PC ကွန်ပြူတာများ ပျောက်ဆုံးကာ Smartphone များသာ သုံးလာတော့မည်ဟု ဆို

alt

Google ၏ ကြော်ငြာနှင့် အရောင်း ဌာန အကြီးအကဲ ဂျွန်ဟာ လီဟီက လာမည့်နှစ် အနည်းငယ် အတွင်း ကမ္ဘာပေါ်တွင် PC ကွန်ပြူတာ များ ပျောက်ဆုံးပြီး

Smart phone များ အစားထိုး ဝင်ရောက် လာတော့မည်ဟု ခန့်မှန်းပြောကြား လိုက်သည်။

(၃)နှစ်အတွင်း Smart phone များ၏ အခန်း ကဏ္ဍသည် PCများအား မှေးမှိန် သွားစေ လိမ့်မည်ဟု အိုင်ယာလန် နည်းပညာ ကွန်ဖရင့်တွင် ဟာလီဟီက ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်း၏ အဆိုသည် ကွန်ဖရင့်သို့ တက်ရောက်လာသူ များကြားတွင် အမြင် ကွဲပြားမှု များကို ဖြစ်ပေါ်စေခဲ့သည်။

အချို့က (၁၇)လက်မ ထက်မနည်း မျက်နှာပြင် အကျယ်ရှိသော PC ကွန်ပြူတာများ နေရာတွင် သေးငယ် သော Smart phone များက အပြည့်အဝ အစားထိုး ဝင်ရောက်နိုင်မည် ဆိုခြင်းအား လက်သင့်ခံရန် ခက်ခဲကြောင်း မှတ်ချက်ပြု ခဲ့သည်။ ထို့အပြင် Laptop ကွန်ပြူတာများ အသုံးပြုမှု တွင်ကျယ် လာသည့်အတွက် PC များ ပျောက် ဆုံး ကုန်မည်ဆိုသော ဟောကိန်းမှာလည်း မမှန်ခဲ့ကြောင်း အချို့က ဆိုသည်။

ထို့အပြင် Smart phone များသည် အင်တာနက် အသုံးပြုခြင်း ကဲ့သို့ ကိစ္စများတွင် လွယ်ကူစွာ အသုံးပြု နိုင်သော်လည်း သုတေသန လုပ်ငန်းများနှင့် နေ့စဉ် အလုပ်များတွင်မူ PC နှင့် Laptop များကို တွင်တွင် ကျယ်ကျယ် ဆက်လက် သုံးစွဲနေရဦးမည်ဟု ယူဆသူများလည်း ထွက်ပေါ်လာကြောင်း အမေရိကန် အခြေစိုက် PC မဂ္ဂဇင်းက ဆိုသည်။

ဟာလီဟီ ကမူ နည်းပညာ ရွေ့လျား တိုးတက်နေမှု နှင့်အတူ ပိုမိုသေးငယ်ပြီး အလွယ်တကူ သယ်ယူနိုင်သည့် Smart phone များအပေါ် တောင်းဆိုမှု ယခုထက် မြင့်တက်လာမည် ဟု သုံးသပ်ခဲ့သည်။ သို့သော်လည်း (၃)နှစ်အတွင်း ထိုအခြေအနေ ဖြစ်လာမည် ဆိုသော ဟာလီဟီ၏ သုံးသပ်ချက်မှာမူ အရဲကိုး လွန်းကြောင်း PC မဂ္ဂဇင်းက သုံးသပ် ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here